ယေ​ရ​မိ 10:20-25 BCL

20 ငါ​တို့​၏​တဲ​များ​သည်​ယို​ယွင်း​ပျက်​စီး​လျက်၊ယင်း​တို့​ကို​ဆွဲ​ထား​သည့်​ကြိုး​များ​သည်​လည်း ပြတ်​၍​သွား​လေ​ပြီ။ငါ​တို့​၏​သား​သ​မီး​အား​လုံး​ပင်​ငါ​တို့​ထံ​မှ ထွက်​ခွာ​သွား​ကြ​ပါ​ပြီ။ငါ​တို့​၏​တဲ​များ​ကို​တစ်​ဖန်​ပြန်​၍​ထိုး​ပေး​မည့် သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပါ။တဲ​ကန့်​လန့်​ကာ​များ​ကို​လည်း​တပ်​ဆင်​ပေး​မည့် သူတစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပါ'' ဟု ဟစ်​အော်​ကြ​၏။

21 ငါ​က``ငါ​တို့​၏​ခေါင်း​ဆောင်​များ​သည်​မိုက်​မဲ သူ​များ​ဖြစ်​၍ထာ​ဝ​ရ​ဘု​ရား​၏​ပို့​ဆောင်​လမ်း​ပြ​မှု​ကို မ​တောင်း​မ​ခံ​ကြ။သို့​ဖြစ်​၍​သူ​တို့​သည်​အ​ကြံ​မ​အောင်​ကြ​ဘဲ ငါ​တို့ အ​မျိုး​သား​များ​သည်​ပျံ့​လွင့်​၍​သွား​ရ ကြ​ခြင်း​ဖြစ်​၏။

22 နား​ထောင်​ကြ​လော့။ သ​တင်း​တစ်​ရပ်​ရောက်​ရှိ​လာ​လေ​ပြီ။မြောက်​အ​ရပ်​တွင်​ထ​ကြွ​လှုပ်​ရှား​မှု​ဖြစ်​ပေါ် နေ​သည်။သူ​တို့​သည်​ယု​ဒ​မြို့​တို့​ကို​ခွေး​အ​များ​ခို အောင်း​ရာလူ​သူ​ကင်း​မဲ့​ရာ​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​လိမ့် မည်'' ဟု​ဆို​၏။

23 အို ထာ​ဝ​ရ​ဘု​ရား၊အ​ဘယ်​သူ​မျှ​မိ​မိ​၏ ကံ​ကြမ္မာ​ကို ဖန်​တီး​၍​မ​ရ​ကြောင်း​ကျွန်​တော်​မျိုး​သိ ပါ​၏။အ​ဘယ်​သူ​မျှ​မိ​မိ​ဘ​ဝ​ကို​အ​စိုး​မ​ရ​ပါ။

24 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​၏​လူ​မျိုး​တော် အား ဆုံး​မ​ပဲ့​ပြင်​တော်​မူ​ပါ။သို့​ရာ​တွင်​ကျွန်​တော်​မျိုး​တို့​အ​ပေါ်​တွင် တ​ရား​မျှ​တ​စွာ​ပြု​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော်​မူ​ချိန်​၌ကျွန်​တော်​မျိုး​တို့​အား​ပြင်း​ထန်​စွာ​ဆုံး​မ ပဲ့​ပြင်​တော်​မူ ပါ​လျှင်​ကျွန်​တော်​မျိုး​တို့​အ​ကျိုး​နည်း​ရ ပါ​လိမ့်​မည်။

25 ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​အ​သိ​အ​မှတ် မ​ပြု​သူ၊ကိုယ်​တော်​ရှင်​အား​ပစ်​ပယ်​သူ​တို့​အ​ပေါ် အ​မျက်​တော်​ကို​သွန်း​လောင်း​တော်​မူ​ပါ။သူ​တို့​သည်​ယာ​ကုပ်​အ​မျိုး​အား​သတ်​ဖြတ်​ကြ ပါ​ပြီ။ကျွန်​တော်​မျိုး​တို့​အား​အ​ကုန်​အ​စင်​သုတ်​သင် ပယ်​ရှင်း​၍ကျွန်​တော်​မျိုး​တို့​ပြည်​ကို​လည်း​ယို​ယွင်း​ပျက်​စီး စေ​ကြ​ပါ​ပြီ။