ယေ​ရ​မိ 11:1-6 BCL

1 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​မိန့်​တော်​မူ​သည်​မှာ၊

2-3 ``ဤ​ပ​ဋိ​ညာဉ်​တော်​တွင်​ပါ​ရှိ​သည့်​အ​ချက် အလက်​များ​ကို​နား​ထောင်​လော့။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည် ထို​ပ​ဋိ​ညာဉ်​ပါ​အ​ချက်​အ​လက် များ​ကို​မ​လိုက်​နာ​သူ​မှန်​သ​မျှ​အား ကျိန်​စာ သင့်​စေ​တော်​မူ​မည်​ဖြစ်​ကြောင်း​ယု​ဒ​ပြည် သား​တို့​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား ပြော​ကြား​လော့။-

4 ထို​ပ​ဋိ​ညာဉ်​သည်​သူ​တို့​၏​ဘိုး​ဘေး​များ​အား သံ​မီး​ဖို​ကြီး​နှင့်​တူ​သော​အီ​ဂျစ်​ပြည်​မှ ငါ ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က​ချုပ်​ဆို​ခဲ့​သည့် ပဋိ​ညာဉ်​ဖြစ်​၏။ ငါ​သည်​ထို​သူ​တို့​အား​ငါ့ စ​ကား​ကို​နား​ထောင်​ကြ​ရန်၊ ငါ​ခိုင်း​စေ​သ​မျှ သော​အ​မှု​တို့​ကို​ပြု​လုပ်​ကြ​ရန်​မှာ​ကြား​ခဲ့ ၏။ အ​ကယ်​၍​သူ​တို့​သည်​ငါ​၏​စ​ကား​ကို နား​ထောင်​ကြ​မည်​ဆို​ပါ​မူ ငါ​၏​လူ​မျိုး တော်​ဖြစ်​ရ​ကြ​လျက်၊ ငါ​သည်​လည်း​သူ​တို့ ၏​ဘုရား​ဖြစ်​တော်​မူ​မည်။-

5 ထို​နောက်​ယ​ခု​သူ​တို့​နေ​ထိုင်​လျက်​ရှိ​ရာ​နို့ နှင့်​ပျား​ရည်​စီး​သည့်​ပြည်​ကို သူ​တို့​၏​ဘိုး ဘေး​များ​အား​ပေး​အပ်​ရန်​ငါ​ပြု​ခဲ့​သည့် သစ္စာ​က​တိ​ကို​လည်း​တည်​စေ​မည်​ဖြစ် ကြောင်း​သူ​တို့​အား​ငါ​ပြော​ကြား​ခဲ့​၏။ငါ​က``မှန်​လှ​ပါ၊ အို ထာ​ဝ​ရ​ဘု​ရား'' ဟု လျှောက်​လေ​၏။

6 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``ယု​ဒ မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​လမ်း​များ​သို့​သွား လော့။ ထို​အ​ရပ်​တို့​တွင်​ငါ​၏​ဗျာ​ဒိတ်​တော်​ကို ကြေ​ညာ​ကာ၊ ပ​ဋိ​ညာဉ်​တော်​တွင်​ပါ​ရှိ​သည့် အ​ချက်​အ​လက်​များ​ကို​နား​ထောင်​လိုက်​နာ ကျင့်​သုံး​ရန်​သူ​တို့​အား​ပြော​ကြား​လော့။-