ယေ​ရ​မိ 12:3-9 BCL

3 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​အ​ကြောင်း​ကို​သိ​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​ပြု​ကျင့်​သည့်​အ​မှု​ကို​လည်းကောင်း၊ကိုယ်​တော်​ရှင်​အား၊ကျွန်​တော်​မျိုး​၏​အ​ကြံ အ​စည် ကို​လည်း​ကောင်း​သိ​မြင်​တော်​မူ​ပါ​၏။ထို​ဆိုး​ညစ်​သူ​တို့​အား​အ​သတ်​ခံ​ရ​မည့်​သိုး များ​ကဲ့​သို့ ဆွဲ​ထုတ်​သွား​တော်​မူ​ပါ​၏။အ​သတ်​ခံ​ရ​ချိန်​မ​တိုင်​မီ​သူ​တို့​အား စောင့်​ကြပ်​ထား​တော်​မူ​ပါ​၏။

4 ကျွန်​တော်​မျိုး​တို့​၏​ပြည်​သည်​အ​ဘယ်​မျှ ကြာ​ကြာ ခြောက်​သွေ့​လျက်၊လယ်​ကွင်း​များ​ရှိ​မြက်​တို့​သည်​လည်း၊အ​ဘယ်​မျှ ကြာ​ကြာ​ညှိုး​နွမ်း​လျက်​နေ​ရ​ပါ​မည်​နည်း။`ငါ​တို့​ပြု​ကျင့်​ပုံ​ကို​ဘု​ရား​သ​ခင်​တွေ့​မြင်​တော် မမူ' ဟု​ပြော​ဆို​ကြ​သည့်ဤ​ပြည်​သူ​တို့​၏​ယုတ်​မာ​မှု​ကြောင့်​ငှက်​များ၊တိ​ရစ္ဆာန်​များ​သည်​သေ​ကြေ​ပျက်​စီး​လျက်​ရှိ ပါ​၏။''

5 ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရ​မိ၊အ​ကယ်​၍​သင်​သည် လူ​တို့​နှင့်​အ​ပြေး​ပြိုင်​ရာ​တွင်​မော​ပန်း​နေ​ပါ​မူမြင်း​များ​နှင့်​အ​ဘယ်​သို့​အ​ပြေး​ပြိုင်​နိုင်​မည် နည်း။သင်​သည်​လွင်​ပြင်​တွင်​လဲ​နေ​လျှင်​ယော်​ဒန်​မြစ် အ​နီး​ရှိ တော​အုပ်​များ​၌​အ​ဘယ်​သို့​ခံ​ရပ်​နိုင်​မည်​နည်း။

6 သင်​၏​အိမ်​ထောင်​စု​သား​များ၊သင့်​ညီ​အစ်​ကို များ ပင်​လျှင်​သင့်​အား​သစ္စာ​ဖောက်​ကြ​လေ​ပြီ။သူ​တို့​သည်​သင်​၏​တစ်​ဘက်​မှ​ဝင်​၍​သင့်​အား အော်​ဟစ်​နေ​ကြ​၏။သူ​တို့​သည်​သင့်​အား​နှုတ်​ချို​စွာ​ပြော​သော်​လည်း သူ​တို့​ကို​သင်​မ​ယုံ​နှင့်'' ဟု​မိန့်​တော်​မူ​၏။

7 ထာ​ဝ​ရ​ဘု​ရား​က၊``ငါ​သည်​ငါ​၏​အိမ်​ကို​စွန့်​ပစ်​လိုက်​လေ​ပြီ။ငါ​ရွေး​ချယ်​ထား​သည့်​ငါ​၏​အ​မွေ​ခံ​ကို​ပစ်​ပယ် လိုက်​လေ​ပြီ။ငါ​ချစ်​မြတ်​နိုး​သည့်​လူ​တို့​အား​ရန်​သူ​များ​၏ လက်​သို့ အပ်​နှံ​လိုက်​လေ​ပြီ။

8 ငါ​ရွေး​ချယ်​ထား​သည့်​ငါ​၏​အ​မွေ​ခံ​တို့​သည်တော​တွင်း​မှ​ခြင်္သေ့​ကဲ့​သို့​ငါ့​ကို​တော်​လှန်​ကြ လေ​ပြီ။သူ​တို့​သည်​ငါ့​ကို​ဟိန်း​ဟောက်​ကြ​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​မုန်း​၏။

9 ငါ​ရွေး​ချယ်​ထား​သည့်​ငါ​၏​အ​မွေ​ခံ​သည်​သိမ်း ငှက်​များ ဝိုင်း​ဝန်း​၍​ထိုး​ဆိတ်​ခံ​ရ​သည့်​ငှက်​နှင့်​တူ​၏။သား​ရဲ​တိ​ရစ္ဆာန်​တို့​လာ​၍​စား​သောက်​ကြ​ရန် ခေါ်​ဖိတ်​လော့။