4 ကျွန်တော်မျိုးတို့၏ပြည်သည်အဘယ်မျှ ကြာကြာ ခြောက်သွေ့လျက်၊လယ်ကွင်းများရှိမြက်တို့သည်လည်း၊အဘယ်မျှ ကြာကြာညှိုးနွမ်းလျက်နေရပါမည်နည်း။`ငါတို့ပြုကျင့်ပုံကိုဘုရားသခင်တွေ့မြင်တော် မမူ' ဟုပြောဆိုကြသည့်ဤပြည်သူတို့၏ယုတ်မာမှုကြောင့်ငှက်များ၊တိရစ္ဆာန်များသည်သေကြေပျက်စီးလျက်ရှိ ပါ၏။''
5 ထာဝရဘုရားက``ယေရမိ၊အကယ်၍သင်သည် လူတို့နှင့်အပြေးပြိုင်ရာတွင်မောပန်းနေပါမူမြင်းများနှင့်အဘယ်သို့အပြေးပြိုင်နိုင်မည် နည်း။သင်သည်လွင်ပြင်တွင်လဲနေလျှင်ယော်ဒန်မြစ် အနီးရှိ တောအုပ်များ၌အဘယ်သို့ခံရပ်နိုင်မည်နည်း။
6 သင်၏အိမ်ထောင်စုသားများ၊သင့်ညီအစ်ကို များ ပင်လျှင်သင့်အားသစ္စာဖောက်ကြလေပြီ။သူတို့သည်သင်၏တစ်ဘက်မှဝင်၍သင့်အား အော်ဟစ်နေကြ၏။သူတို့သည်သင့်အားနှုတ်ချိုစွာပြောသော်လည်း သူတို့ကိုသင်မယုံနှင့်'' ဟုမိန့်တော်မူ၏။
7 ထာဝရဘုရားက၊``ငါသည်ငါ၏အိမ်ကိုစွန့်ပစ်လိုက်လေပြီ။ငါရွေးချယ်ထားသည့်ငါ၏အမွေခံကိုပစ်ပယ် လိုက်လေပြီ။ငါချစ်မြတ်နိုးသည့်လူတို့အားရန်သူများ၏ လက်သို့ အပ်နှံလိုက်လေပြီ။
8 ငါရွေးချယ်ထားသည့်ငါ၏အမွေခံတို့သည်တောတွင်းမှခြင်္သေ့ကဲ့သို့ငါ့ကိုတော်လှန်ကြ လေပြီ။သူတို့သည်ငါ့ကိုဟိန်းဟောက်ကြသဖြင့် ငါသည်သူတို့ကိုမုန်း၏။
9 ငါရွေးချယ်ထားသည့်ငါ၏အမွေခံသည်သိမ်း ငှက်များ ဝိုင်းဝန်း၍ထိုးဆိတ်ခံရသည့်ငှက်နှင့်တူ၏။သားရဲတိရစ္ဆာန်တို့လာ၍စားသောက်ကြရန် ခေါ်ဖိတ်လော့။
10 လူမျိုးခြားဘုရင်အများပင်ငါ၏ စပျစ် ဥယျာဉ်ကိုဖျက်ဆီးပစ်ကြလေပြီ။သူတို့သည်ငါ၏လယ်ယာများကို နင်းချေပစ်ကြလေပြီ။နှစ်သက်ဖွယ်ကောင်းသည့်ငါ့ပြည်တော် ကို သဲကန္တာရဖြစ်စေကြလေပြီ။