ယေ​ရ​မိ 12:8-14 BCL

8 ငါ​ရွေး​ချယ်​ထား​သည့်​ငါ​၏​အ​မွေ​ခံ​တို့​သည်တော​တွင်း​မှ​ခြင်္သေ့​ကဲ့​သို့​ငါ့​ကို​တော်​လှန်​ကြ လေ​ပြီ။သူ​တို့​သည်​ငါ့​ကို​ဟိန်း​ဟောက်​ကြ​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​မုန်း​၏။

9 ငါ​ရွေး​ချယ်​ထား​သည့်​ငါ​၏​အ​မွေ​ခံ​သည်​သိမ်း ငှက်​များ ဝိုင်း​ဝန်း​၍​ထိုး​ဆိတ်​ခံ​ရ​သည့်​ငှက်​နှင့်​တူ​၏။သား​ရဲ​တိ​ရစ္ဆာန်​တို့​လာ​၍​စား​သောက်​ကြ​ရန် ခေါ်​ဖိတ်​လော့။

10 လူ​မျိုး​ခြား​ဘု​ရင်​အ​များ​ပင်​ငါ​၏ စ​ပျစ် ဥ​ယျာဉ်​ကို​ဖျက်​ဆီး​ပစ်​ကြ​လေ​ပြီ။သူ​တို့​သည်​ငါ​၏​လယ်​ယာ​များ​ကို နင်း​ချေ​ပစ်​ကြ​လေ​ပြီ။နှစ်​သက်​ဖွယ်​ကောင်း​သည့်​ငါ့​ပြည်​တော် ကို သဲ​ကန္တာ​ရ​ဖြစ်​စေ​ကြ​လေ​ပြီ။

11 သူ​တို့​သည်​ထို​ပြည်​ကို​မြေ​ရိုင်း​ဖြစ်​စေ​ကြ လေ​ပြီ။ထို​ပြည်​သည်​ငါ​၏​ရှေ့​မှောက်​၌​လူ​သူ ကင်း​မဲ့​လျက်​ရှိ​၏။တစ်​ပြည်​လုံး​ပင်​စွန့်​ပစ်​ခြင်း​ခံ​ရ​၍​အ​ဘယ်​သူ​မျှ ဂ​ရု​မ​စိုက်​ကြ။

12 လူ​တို့​သည်​တိုက်​ခိုက်​လု​ယက်​ရန်​သဲ​ကန္တာ​ရ​ရှိ ကုန်း​မြင့်​များ​ကို​ဖြတ်​၍​လာ​လေ​ပြီ။ဤ​ပြည်​တစ်​ခု​လုံး​ကို​ဖျက်​ဆီး​ချေ​မှုန်း​ပစ်​ရန် ငါ​သည်​စစ်​ပွဲ​ကို​ဖြစ်​ပွား​စေ​လေ​ပြီ။အ​ဘယ်​သူ​မျှ​ငြိမ်း​ချမ်း​စွာ​မ​နေ​မ​ထိုင် ရ​ကြ။

13 ငါ​၏​လူ​မျိုး​တော်​သည်​ဂျုံ​စ​ပါး​ကို​စိုက်​ပျိုး သော်​လည်း ဆူး​ပင်​များ​ကို​ရိတ်​သိမ်း​ရ​ကြ​၏။သူ​တို့​သည်​အ​လုပ်​ကို​ကြိုး​စား​၍​လုပ်​သော် လည်း အ​ဘယ်​သို့​မျှ​အ​ကျိုး​မ​ရှိ။ငါ​၏​အ​မျက်​တော်​ပြင်း​ထန်​မှု​ကြောင့်သူ​တို့​သည်​ရှက်​ကြောက်​ခြင်း​သီး​နှံ​ကို ရိတ်​သိမ်း ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

14 ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ငါ​အ​မွေ​ပေး​အပ်​ခဲ့​သည့် ပြည်​တော်​ကို​ပျက်​စီး​ယို​ယွင်း​စေ​သော ဣ​သ​ရေ​လ ပြည်​၏​အိမ်​နီး​ချင်း​နိုင်​ငံ​တို့​နှင့်​ပတ်​သက်​၍​ငါ ပြော​စ​ရာ​ရှိ​၏။ ငါ​သည်​ထို​သူ​ယုတ်​မာ​တို့​အား အ​မြစ်​ပြုတ်​သည့်​အ​ပင်​ငယ်​ကဲ့​သို့​သူ​တို့​ပြည် မှ​ဆွဲ​ထုတ်​မည်။ ယု​ဒ​ပြည်​ကို​သူ​တို့​လက်​မှ ဆွဲ​ထုတ်​ကယ်​ဆယ်​မည်။-