ယေ​ရ​မိ 13:4-10 BCL

4 ``ကိုယ်​တော်​က​ဥ​ဖ​ရတ်​မြစ်​သို့​သွား​လော့။ သင် ဝတ်​ဆင်​ထား​သည့်​ခါး​ဝတ်​ကို​ချွတ်​၍​ကျောက် တွင်း​၌​ဝှက်​ထား​လော့'' ဟု​မိန့်​တော်​မူ​၏။-

5 သို့​ဖြစ်​၍​ငါ​သည်​ဥ​ဖ​ရတ်​မြစ်​အ​နီး​သို့ သွား​၍ ထို​ခါး​ဝတ်​ကို​ဝှက်​ထား​လိုက်​၏။-

6 ထို​နောက်​ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဥ​ဖ​ရတ်​မြစ် အ​နီး​သို့​ပြန်​သွား​ပြီး​လျှင် ခါး​ဝတ်​ကို​ထုတ် ယူ​ရန်​မိန့်​မှာ​တော်​မူ​၏။-

7 သို့​ဖြစ်​၍​ငါ​သည်​ဥ​ဖ​ရတ်​မြစ်​သို့​သွား ပြီး​လျှင် ငါ​ဝှက်​ထား​ရာ​အ​ရပ်​ကို​ရှာ​ဖွေ​ရာ ခါး​ဝတ်​ကို​တွေ့​ရှိ​ရ​သော် ယင်း​တို့​သည်​ဆွေး မြေ့​လျက်​နေ​သ​ဖြင့်​အ​သုံး​မ​ဝင်​တော့​ချေ။

8 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က၊-

9 ``ဤ​နည်း​အ​တိုင်း​ပင်​ငါ​သည်​ယု​ဒ​ပြည် ၏​စိတ်​နေ​မြင့်​မှု​နှင့်​ယေ​ရု​ရှ​လင်​မြို့​၏ မာန်​မာ​န​ထောင်​လွှား​မှု​ကို​ချိုး​နှိမ်​မည်။-

10 ဤ​ဆိုး​ညစ်​သူ​တို့​သည်​ငါ့​စ​ကား​ကို နား​မ​ထောင်၊ ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက်၊ အ​ခြား​ဘု​ရား​တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​၍ အ​စေ​ခံ​လျက်​နေ​ကြ​လေ​ပြီ။ သို့​ဖြစ်​၍ ထို​သူ​တို့​သည်​အ​သုံး​မ​ဝင်​တော့​သည့် ခါး​ဝတ်​ကဲ့​သို့​ဖြစ်​ကြ​လိမ့်​မည်။-