ယေ​ရ​မိ 14:1-5 BCL

1 မိုး​ခေါင်​ခြင်း​နှင့်​ပတ်​သက်​၍​ထာ​ဝ​ရ​ဘု​ရား သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊

2 ``ယု​ဒ​ပြည်​သည်​ငို​ကြွေး​လျက်​နေ​၏။ ယု​ဒ​မြို့​တို့​သည်​နွမ်း​လျ​လျက်​နေ​၏။ယု​ဒ​ပြည်​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​ကြ​၏။ယေ​ရု​ရှ​လင်​မြို့​သည်​အော်​ဟစ်​လျက် အ​ကူ​အ​ညီ​တောင်း​ခံ​၍​နေ​၏။

3 ချမ်း​သာ​ကြွယ်​ဝ​သူ​များ​သည်​မိ​မိ​တို့ အ​စေ​ခံ​များ​ကို​လွှတ်​၍ရေ​အ​ခပ်​ခိုင်း​သည့်​အ​တိုင်း​အ​စေ​ခံ​တို့​သည်ရေ​ကန်​များ​သို့​သွား​ရောက်​ကြ​သော်​လည်း ရေ​ကို​မ​တွေ့​ရ​ကြ။သူ​တို့​သည်​အိုး​ဟောင်း​လောင်း​နှင့်​ပြန်​လာ​ရ ကြ​၏။သူ​တို့​သည်​စိတ်​ပျက်​အား​လျော့​ကာ​ဝေ​ခွဲ​မ​ရ ဖြစ်​လျက် ဦး​ခေါင်း​ခြုံ​၍​နေ​ကြ​၏။

4 မိုး​ခေါင်​သ​ဖြင့်​မြေ​ကြီး​သည်​ခြောက်​ကပ် လျက်​နေ​၏။လယ်​သ​မား​တို့​သည်​စိတ်​မ​ချမ်း​မ​သာ​သော ကြောင့် ဦး​ခေါင်း​ခြုံ​၍​နေ​ကြ​၏။

5 ကွင်း​ပြင်​တွင်​မြက်​မ​ရှိ​တော့​သ​ဖြင့်​သ​မင်​မ​သည် မွေး​ခါ​စ​သား​ငယ်​ကို​စွန့်​ပစ်​၍​ထား​ရ​၏။