ယေ​ရ​မိ 14:13-19 BCL

13 ထို​အ​ခါ​ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ ပြည်​တွင်​စစ်​မက်​အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​အန္တရာယ်​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ်။ ငြိမ်း​ချမ်း​သာ​ယာ​မှု​သာ​လျှင်​ရှိ​လိမ့်​မည်​ဟု ပ​ရော​ဖက်​များ​ဟော​ပြော​လျက်​နေ​ကြ​သည် ကို​ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏'' ဟု လျှောက်​၏။

14 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ပ​ရော​ဖက်​တို့ သည် ငါ​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လိမ်​လည် ပြော​ဆို​နေ​ကြ​ခြင်း​ဖြစ်​သည်။ ငါ​သည်​သူ​တို့ ကို​မ​စေ​လွှတ်​ခဲ့။ သူ​တို့​အား​အ​ဘယ်​သို့​မျှ လည်း​မ​မှာ​ကြား။ အ​ဘယ်​ဗျာ​ဒိတ်​ကို​မျှ လည်း​ငါ​မ​ပေး​ခဲ့။ သူ​တို့​ဖော်​ပြ​သည့်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တို့​သည်​ငါ​ပြ​သည့်​ရူ​ပါ​ရုံ​များ မ​ဟုတ်။ သူ​တို့​ကြို​တင်​ဟော​ပြော​မှု​များ သည်​အ​ချည်း​နှီး​ဟော​ပြော​မှု​များ​သာ လျှင်​ဖြစ်​၏။-

15 ငါ​မ​စေ​လွှတ်​ဘဲ​ငါ​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ဤ​ပြည်​တွင်​စစ်​မက်​နှင့်​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​အန္တ​ရာယ်​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ် ဟု ဟော​ပြော​ကြ​သူ​ပ​ရော​ဖက်​တို့​အား​အ​ဘယ် သို့​ငါ​ပြု​မည်​ကို သင့်​အား​ငါ​ထာ​ဝ​ရ​ဘု​ရား ဖော်​ပြ​မည်။ ငါ​သည်​သူ​တို့​အား​စစ်​ပွဲ​တွင် ကျ​ဆုံး​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း ဘေး​သင့်​၍​သေ​စေ​မည်။-

16 သူ​တို့​ဟော​ပြော​သည်​ကို​ကြား​နာ​ကြ​သူ​တို့ သည်​လည်း သူ​တို့​ကဲ့​သို့​သေ​ကြ​လိမ့်​မည်။ ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် စစ်​ဘေး​တို့​ကြောင့် သူ​တို့​၏​အ​လောင်း​များ​ကို​ယေ​ရု​ရှ​လင်​မြို့ လမ်း​များ​ပေါ်​တွင်​စွန့်​ပစ်​၍​ထား​ကြ​လိမ့်​မည်။ ယင်း​တို့​ကို​အ​ဘယ်​သူ​မျှ​သင်္ဂြိုဟ်​ကြ​လိမ့်​မည် မ​ဟုတ်။ ဇ​နီး​သား​သ​မီး​များ​ပါ​မ​ကျန်၊ ထို သူ​အား​လုံး​ပင်​ဤ​နည်း​အ​တိုင်း​ဖြစ်​ရ​ကြ လိမ့်​မည်။ မိ​မိ​တို့​၏​ယုတ်​မာ​မှု​များ​အ​တွက် သူ​တို့​အား​ငါ​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။

17 ငါ​၏​ကြေ​ကွဲ​မှု​ကို​ပြည်​သူ​တို့​အား​ဤ​သို့ ပြော​ပြ​ရန်​ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​အ​မိန့် ပေး​တော်​မူ​၏။``ငါ​၏​မျက်​စိ​များ​သည်​နေ့​ညဥ့်​မ​ပြတ် မျက်​ရည်​ထွက်​လျက်​နေ​ပါ​စေ​သော။ငါ့​အ​မျိုး​သား​တို့​သည်​ပြင်း​စွာ ဒဏ်​ရာ​ရ​လျက်များ​စွာ​နာ​ကျင်​လျက်​ရှိ​သ​ဖြင့်၊ငါ​သည်​အ​ဘယ် အ​ခါ​၌​မျှ​အ​ငို​မ​တိတ်​နိုင်​ဘဲ​ရှိ​ပါ​စေ​သော။

18 လယ်​ပြင်​များ​သို့​သွား​သော​အ​ခါ​စစ်​ပွဲ​တွင် ကျ​ဆုံး​သူ​များ​ကို​ငါ​မြင်​ရ​၏။မြို့​များ​သို့​ဝင်​သော​အ​ခါ​လူ​တို့​အ​စာ​ငတ်​၍ သေ​ကြ​သည်​ကို​မြင်​ရ​၏။ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​သည်မိ​မိ​တို့​အ​ဘယ်​သို့​သော​အ​မှု​ကို​ပြု​လျက် နေ​မှန်း​မ​သိ​ဘဲ၊အ​လုပ်​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​နေ​ကြ​၏။''

19 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ယု​ဒ ပြည်​ကို အ​ပြီး​အ​ပိုင်​ပစ်​ပယ်​တော်​မူ​ပါ​ပြီ​လော။ဇိ​အုန်​မြို့​သား​တို့​အား​မုန်း​တီး​ရွံ​ရှာ​တော် မူ​ပါ​သ​လော။ကျွန်​တော်​မျိုး​တို့​၏​အ​နာ​ကို​ကု​သ​၍ မ​ရ​နိုင်​သည့်​တိုင်​အောင်အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​တို့​အား၊ဤ​မျှ​ပြင်း​ထန်​စွာ ထိ​ခိုက်​ဒဏ်​ရာ​ရ​စေ​တော်​မူ​ပါ​သ​နည်း။ကျွန်​တော်​မျိုး​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကိုစောင့်​မျှော်​ကြ​သော်​လည်း​အ​ချည်း​နှီး​သာ ဖြစ်​ပါ​၏။အ​နာ​ပျောက်​လိမ့်​မည်​ဟု​မျှော်​လင့်​ကြ​သော်​လည်း ထိတ်​လန့်​၍​သာ​လာ​ရ​ကြ​ပါ​၏။