ယေ​ရ​မိ 14:4-10 BCL

4 မိုး​ခေါင်​သ​ဖြင့်​မြေ​ကြီး​သည်​ခြောက်​ကပ် လျက်​နေ​၏။လယ်​သ​မား​တို့​သည်​စိတ်​မ​ချမ်း​မ​သာ​သော ကြောင့် ဦး​ခေါင်း​ခြုံ​၍​နေ​ကြ​၏။

5 ကွင်း​ပြင်​တွင်​မြက်​မ​ရှိ​တော့​သ​ဖြင့်​သ​မင်​မ​သည် မွေး​ခါ​စ​သား​ငယ်​ကို​စွန့်​ပစ်​၍​ထား​ရ​၏။

6 မြင်း​ရိုင်း​တို့​သည်​တောင်​ထိပ်​များ​တွင်​ရပ်​လျက် ခွေး​အ​များ​ကဲ့​သို့​အ​သက်​လု​၍​ရှူ​နေ​ကြ​၏။သူ​တို့​သည်​အ​စာ​ငတ်​မှု​ကြောင့်​မျက်​စိ​များ မှုံ​ဝေ​လျက်​နေ​ကြ​၏။

7 ငါ​၏​လူ​မျိုး​တော်​က​ငါ့​အား`ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​အ​ပြစ်​များ​၏ စွပ်​စွဲ​ခြင်း​ကို​ခံ​၍​နေ​ရ​သော်​လည်း၊အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင်​၏ နာ​မ​တော်​ကို​ထောက်​၍​ကူ​မ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​တို့​သည်​ကြိမ်​ဖန်​များ​စွာ ကိုယ်​တော်​ရှင်​ကို ကျော​ခိုင်း​မိ​ကြ​ပါ​ပြီ။ကိုယ်​တော်​ရှင်​အား​ပြစ်​မှား​မိ​ကြ​ပါ​ပြီ။

8 ကိုယ်​တော်​ရှင်​သာ​လျှင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏ မျှော်​လင့်​ရာ​ဖြစ်​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​တို့​ဒုက္ခ​ရောက်​သော​အ​ခါ ကူ​မ​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​တို့​ပြည်​တွင်​ဧည့်​သည်​ကဲ့​သို့၊တစ်​ညဥ့်​မျှ​သာ​တည်း​ခို​သည့်​ခ​ရီး​သည်​ကဲ့​သို့ ပြု​တော်​မူ​ပါ​သ​နည်း။

9 အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် အ​ငိုက်​မိ​သူ​ကဲ့​သို့​လည်း​ကောင်း၊ကူ​မ​နိုင်​စွမ်း​မ​ရှိ​သည့်​စစ်​သူ​ရဲ​ကဲ့​သို့ လည်း​ကောင်း ဖြစ်​တော်​မူ​ပါ​သ​နည်း။အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​အ​မှန်​ပင် ကျွန်​တော်​မျိုး​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ နာ​မ​တော်​ကို​ဆောင်​သော​သူ​ဖြစ်​ကြ​ပါ​၏။ကျွန်​တော်​မျိုး​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ နှင့်' ဟု​လျှောက်​ထား​ကြ​၏။''

10 ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​အ​ကြောင်း နှင့်​ပတ်​သက်​၍``သူ​တို့​သည်​ငါ့​ထံ​မှ​ထွက် ပြေး​ရန်​နှစ်​သက်​ကြ​၏။ မိ​မိ​တို့​ခြေ​ကို မ​ချုပ်​တည်း​လို​ကြ။ ထို့​ကြောင့်​ငါ​သည်​သူ တို့​ကို​မ​နှစ်​သက်။ သူ​တို့​ပြု​ခဲ့​သည့်​ဒု​စ​ရိုက် များ​ကို​အောက်​မေ့​သ​တိ​ရ​၍ သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။