ယေ​ရ​မိ 15:16-21 BCL

16 ကိုယ်​တော်​ရှင်​ဗျာ​ဒိတ်​ပေး​တော်​မူ​သော​အ​ခါ ကျွန်​တော်​မျိုး​သည်​လုံး​စေ့​ပတ်​စေ့​နား​ထောင် ပါ​၏။ နှုတ်​က​ပတ်​တော်​တို့​သည်​ကျွန်​တော်​မျိုး ၏​စိတ်​နှ​လုံး​ကို​ရွှင်​ပြုံး​အား​ရ​စေ​ပါ​၏။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏ နာ​မ​တော်​ကို​ဆောင်​ပါ​၏။-

17 ကျွန်​တော်​မျိုး​သည်​အ​ခြား​သူ​များ​နှင့် ရယ်​မော​လျက် အ​ပျော်​အ​ပါး​လိုက်​စား​လျက် အ​ချိန်​မ​ဖြုန်း​ပါ။ ကိုယ်​တော်​ရှင်​ပေး​အပ်​ထား တော်​မူ​သည့်​အ​လုပ်​တာ​ဝန်​ကြောင့် ကျွန်​တော် မျိုး​သည်​တစ်​ဦး​တစ်​ယောက်​တည်း​နေ​ထိုင် ကာ​အ​မျက်​ဒေါ​သ​နှင့်​ပြည့်​၍​လာ​ပါ​၏။-

18 ကျွန်​တော်​မျိုး​သည်​အ​ဘယ်​ကြောင့် ဆက်​လက် ၍​ဝေ​ဒ​နာ​ခံ​ရ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး ၏​အနာ​များ​သည်​အ​ဘယ်​ကြောင့် ကု​သ​၍ မ​ပျောက်​နိုင်​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ထို အ​နာ​များ​မ​ကျက်​ဘဲ​နေ​ပါ​သ​နည်း။ ကိုယ် တော်​ရှင်​သည်​နွေ​အ​ခါ​ခန်း​ခြောက်​သည့်​ချောင်း ရေ​မ​ထွက်​သည့်​စမ်း​ကဲ့​သို့​ကျွန်​တော်​မျိုး အား​စိတ်​ပျက်​စေ​လို​တော်​မူ​ပါ​သ​လော'' ဟု​လျှောက်​၏။

19 ယင်း​သို့​လျှောက်​ထား​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​က``အ​ကယ်​၍​သင်​သည်​နောင်​တ​ရ မည်​ဆို​လျှင် သင့်​အား​ငါ​ပြန်​လက်​ခံ​မည်။ သင်​သည်​လည်း​ငါ​၏​အ​စေ​ခံ​ဖြစ်​ပြန်​ရ လိမ့်​မည်။ အ​ကယ်​၍​သင်​သည်​တန်​ဖိုး​မဲ့​သော စ​ကား​ကို​မ​ပြော​ဘဲ​အ​ကျိုး​ရှိ​သည့်​စ​ကား ကို​ပြော​မည်​ဆို​က ငါ​၏​ပ​ရော​ဖက်​ဖြစ်​ပြန် ရ​လိမ့်​မည်။ ပြည်​သူ​တို့​သည်​သင်​၏​ထံ​သို့ ပြန်​လာ​ကြ​လိမ့်​မည်။ သင်​သည်​သူ​တို့​ထံ သို့​သွား​ရန်​မ​လို​တော့​ပေ။-

20 ထို​သူ​တို့​အား​ခု​ခံ​တိုက်​ခိုက်​နိုင်​ရန် ငါ​သည် သင့်​အား​ကြေး​ဝါ​တံ​တိုင်း​သ​ဖွယ်​ဖြစ်​စေ​မည်။ သူ​တို့​သည်​သင့်​ကို​တိုက်​ခိုက်​ကြ​မည်​ဖြစ်​သော် လည်း​သင့်​ကို​နှိမ်​နင်း​နိုင်​လိမ့်​မည်​မ​ဟုတ်။ သင့် ကို​ကွယ်​ကာ​စောင့်​ရှောက်​၍​ဘေး​မဲ့​လုံ​ခြုံ​စွာ ထား​ရှိ​နိုင်​ရန်​ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​တော် မူ​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။-

21 ``သင့်​ကို​သူ​ယုတ်​မာ​တို့​၏​လက်​မှ​ကယ်​ဆယ် ၍ အ​ကြမ်း​ဖက်​သ​မား​တို့​၏​ဘေး​မှ​ကယ် တင်​မည်။''