ယေ​ရ​မိ 15:9-15 BCL

9 သား​သ​မီး​ခု​နစ်​ယောက်​ဆုံး​ရှုံး​ရ​သည့်​မိ​ခင်​သည် မေ့​မြော​သေ​ဆုံး​သွား​လေ​ပြီ။သူ​၏​နေ့​အ​လင်း​သည်​မှောင်​မိုက်​သို့​ပြောင်း​လဲ လေ​ပြီ။သူ​သည်​အ​ရှက်​ရ​လျက်​မှိုင်​တွေ​ကာ​နေ​ရ​လေ​ပြီ။သင်​တို့​အ​နက်​အ​သက်​မ​သေ​ဘဲကျန်​ရှိ​နေ​သေး​သော​သူ​တို့​အား​ငါ​သည် ရန်​သူ​များ​ကို​အ​သတ်​ခိုင်း​မည်။ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။''

10 ငါ​သည်​ပျော်​ရွှင်​မှု​ကင်း​မဲ့​သူ​ဖြစ်​ပါ​သည် တ​ကား။ ငါ​၏​အ​မိ​သည်​အ​ဘယ်​ကြောင့်​ငါ့​အား ဤ​လော​က​ထဲ​သို့​မွေး​ထုတ်​ပါ​သ​နည်း။ ဤ​ပြည် တွင်​ရှိ​သ​မျှ​သော​သူ​တို့​နှင့်​ငါ​သည်​စ​ကား များ​ရ​ငြင်း​ခုံ​ရ​ပါ​၏။ ငါ​သည်​သူ​တစ်​ပါး တို့​အား​လည်း​ကောင်း၊ သူ​တစ်​ပါး​တို့​ထံ​မှ လည်း​ကောင်း​ငွေ​ကြေး​မ​ချေး​ငှား​ခဲ့။ သို့ ပါ​လျက်​လူ​အ​ပေါင်း​တို့​သည်​ငါ့​အား ကျိန်​ဆဲ​ကြ​ပါ​၏။-

11 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ကောင်း​ကျိုး ရ​စေ​အံ့​ငှာ​သင့်​ကို​ကယ်​ဆယ်​မည်။ ဘေး အန္တ​ရာယ်​ပူ​ပင်​သော​က​ရောက်​သော​အ​ချိန် တွင် သင်​၏​ရန်​သူ​တို့​သည်​အ​ထံ​တော်​သို့ လျှောက်​လဲ​ပန်​ကြား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။-

12 (သံ​ကို​အ​ထူး​သ​ဖြင့်​မြောက်​အ​ရပ်​မှ​ရ​ရှိ သည့်​သံ​နှင့်​ကြေး​ရော​သော​သံ​ကို​အ​ဘယ် သူ​မျှ​မ​ချိုး​ဖြတ်​နိုင်​ပါ။)

13 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ​သည်​တစ် ပြည်​လုံး​တွင်​ငါ​၏​လူ​မျိုး​တော်​ကူး​လွန် သည့်​အ​ပြစ်​များ​အ​တွက်​ဒဏ်​ခတ်​မည်။ သူ တို့​၏​စည်း​စိမ်​ဥစ္စာ​ရွှေ​ငွေ၊ ရ​တ​နာ​များ ကို​သိမ်း​ယူ​ရန်​ရန်​သူ​များ​ကို​စေ​လွှတ်​မည်။-

14 ငါ​၏​အ​မျက်​တော်​သည်​မီး​နှင့်​တူ​၍​ထာ​ဝ​စဉ် တောက်​လောင်​လျက်​ရှိ​သ​ဖြင့် ငါ​သည်​မိ​မိ​လူ မျိုး​တော်​အား​သူ​တို့​မ​ရောက်​ဘူး​သည့်​ပြည် တွင်​ရန်​သူ​များ​၏​အ​စေ​အ​ပါး​ကို​ခံ​စေ မည်'' ဟု​မိန့်​တော်​မူ​၏။

15 ထို​အ​ခါ​ငါ​က``ကိုယ်​တော်​ရှင်​သိ​ရှိ​နား​လည် တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​ကို​အောက်​မေ့ သတိ​ရ​၍​ကူ​မ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို ညှင်း​ဆဲ​နှိပ်​စက်​သူ​တို့​အား​လက်​စား​ချေ​ရ သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ။ သူ​တို့​သည် ကျွန်​တော်​မျိုး​အား​သတ်​ဖြတ်​ကြ​သည့်​တိုင် အောင်​သည်း​ခံ​လျက်​နေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​အ​စော်​ကား​ခံ​ရ​သည်​မှာ ကိုယ်​တော်​ရှင်​၏​အ​တွက်​ကြောင့်​ဖြစ်​သည် ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။-