ယေ​ရ​မိ 16:12-18 BCL

12 သင်​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​ထက် ပင်​ဆိုး​ရွား​စွာ​ပြု​ကျင့်​ကြ​လေ​ပြီ။ သင်​တို့ အား​လုံး​သည်​ခေါင်း​မာ​ဆိုး​ညစ်​လျက် ငါ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ။-

13 ထို့​ကြောင့်​ငါ​သည်​သင်​တို့​အား​သင်​တို့​နှင့်​သင် တို့​ဘိုး​ဘေး​များ​မ​ရောက်​ဘူး​သည့်​ပြည်​သို့ နှင်​ထုတ်​မည်။ ထို​ပြည်​တွင်​သင်​တို့​သည်​အ​ခြား ဘု​ရား​များ​ကို နေ့​ရော​ညဥ့်​ပါ​ဝတ်​ပြု​ကိုး ကွယ်​ကြ​လိမ့်​မည်။ ငါ​၏​ကျေး​ဇူး​က​ရု​ဏာ တော်​ကို​အ​ဘယ်​သို့​မျှ သင်​တို့​ခံစား​ရ​ကြ လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ကြောင်း ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။

14 ထာ​ဝ​ရ​ဘု​ရား​က``အ​ဘယ်​သူ​မျှ​ငါ့​အား ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​သူ၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​အ​ဖြစ်​ဖြင့်​တိုင်​တည်​ကျိန်​ဆို မှု​မ​ပြု​ကြ​တော့​မည့်​အ​ချိန်​ကျ​ရောက်​လာ လိမ့်​မည်။-

15 ယင်း​သို့​ကျိန်​ဆို​မည့်​အ​စား​လူ​တို့​သည်​ငါ့ အား​ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​မြောက် ပြည်​မှ​လည်း​ကောင်း၊ သူ​တို့​အား​ငါ​ကွဲ​လွင့် စေ​ရာ​အ​ခြား​ပြည်​အ​ပေါင်း​မှ​လည်း​ကောင်း ပြန်​လည်​ခေါ်​ဆောင်​လာ​သည့်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​သ​ခင်​အ​ဖြစ်​ဖြင့် တိုင်​တည်​ကျိန်​ဆို​ကြ​လိမ့်​မည်။ ငါ​သည် သူ​တို့​အား​မိ​မိ​တို့​ပိုင်​သော​ပြည်၊ သူ​တို့ ဘိုး​ဘေး​များ​အား​ငါ​ပေး​အပ်​ခဲ့​သည့် ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင်​လာ​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​၏။

16 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဤ​သူ​တို့​ကို ဖမ်း​ရန် တံ​ငါ​သည်​အ​မြောက်​အ​မြား​ကို​ပို့ မည်။ တောင်​ကြီး​တောင်​ငယ်​ရှိ​သ​မျှ​တို့​နှင့် ကျောက်​ဆောင်​များ​အ​ကြား​၌ သူ​တို့​အား လိုက်​လံ​ရှာ​ဖွေ​ရန်​မု​ဆိုး​အ​မြောက် အ​မြား​ကို​ပို့​မည်။-

17 သူ​တို့​ပြု​သ​မျှ​သော​အ​မှု​တို့​ကို​ငါ​မြင် ၏။ ငါ​မ​မြင်​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ သူ​တို့​၏​အ​ပြစ်​များ​သည်​ငါ​၏ မြင်​ကွင်း​နှင့်​မ​လွတ်။-

18 သူ​တို့​အား​မိ​မိ​တို့​အ​ပြစ်​နှင့်​ယုတ်​မာ​မှု များ​အ​တွက် နှစ်​ဆ​မျှ​ကြီး​လေး​သည့်​အ​ပြစ် ဒဏ်​ကို​ငါ​ပေး​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည်​လူ​သေ​သ​ဖွယ်​အ​သက်​မ​ရှိ​သည့် ရုပ်​တု​များ​အား​ဖြင့် ငါ​၏​ပြည်​တော်​ကို​ညစ် ညမ်း​စေ​လေ​ပြီ။ မိ​မိ​တို့​အား​ငါ​ပေး​အပ် သည့်​ပြည်​ကို​ဘု​ရား​အ​တု​အ​ယောင်​များ နှင့်​ပြည့်​နှက်​စေ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။