ယေ​ရ​မိ 16:18-21 BCL

18 သူ​တို့​အား​မိ​မိ​တို့​အ​ပြစ်​နှင့်​ယုတ်​မာ​မှု များ​အ​တွက် နှစ်​ဆ​မျှ​ကြီး​လေး​သည့်​အ​ပြစ် ဒဏ်​ကို​ငါ​ပေး​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည်​လူ​သေ​သ​ဖွယ်​အ​သက်​မ​ရှိ​သည့် ရုပ်​တု​များ​အား​ဖြင့် ငါ​၏​ပြည်​တော်​ကို​ညစ် ညမ်း​စေ​လေ​ပြီ။ မိ​မိ​တို့​အား​ငါ​ပေး​အပ် သည့်​ပြည်​ကို​ဘု​ရား​အ​တု​အ​ယောင်​များ နှင့်​ပြည့်​နှက်​စေ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

19 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော် မျိုး​အား​ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​၍ ခွန်​အား ကို​ပေး​တော်​မူ​ပါ​၏။ ဒုက္ခ​ရောက်​ချိန်​၌​ကူ​မ​တော် မူ​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​စွန်း​မှ​လူ​မျိုး​တ​ကာ​တို့ သည် အ​ထံ​တော်​သို့​လာ​၍``ကျွန်​တော်​မျိုး​တို့ ဘိုး​ဘေး​များ​ကိုး​ကွယ်​ခဲ့​သည့်​ဘု​ရား​တို့​သည် အ​တု​အ​ယောင်​များ​သာ​လျှင်​ဖြစ်​ပါ​၏။ အ​သုံး မ​ဝင်​အ​ကျိုး​မ​ပေး​သော​ရုပ်​တု​များ​သာ​ဖြစ် ပါ​၏။-

20 လူ​သည်​မိ​မိ​ကိုး​ကွယ်​ရန်​ဘု​ရား​များ​ကို ပြု​လုပ်​နိုင်​ပါ​သ​လော။ မ​ပြု​လုပ်​နိုင်​ပါ။ ပြု လုပ်​လျှင်​လည်း​ယင်း​တို့​သည် ဘု​ရား​သ​ခင် အ​မှန်​ဖြစ်​လိမ့်​မည်​မ​ဟုတ်'' ဟု​ယေ​ရ​မိ လျှောက်​ထား​လေ​၏။

21 ထာ​ဝ​ရ​ဘု​ရား​က``ဤ​သို့​ဖြစ်​ပါ​မူ​ငါ​သည် မိ​မိ​၏​ဘုန်း​တန်​ခိုး​အာ​နု​ဘော်​တော်​ကို သူ​တို့ အား​သိ​စေ​တော်​မူ​မည်။ အ​ပြီး​အ​ပိုင်​သိ​စေ တော်​မူ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​ကို သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။