ယေ​ရ​မိ 16:8-14 BCL

8 ``သင်​သည်​သူ​တို့​စား​သောက်​ပွဲ​ကျင်း​ပ​နေ သည့်​အိမ်​သို့​မ​ဝင်​နှင့်။ ထို​သူ​တို့​နှင့်​အ​တူ ထိုင်​၍​မ​စား​မ​သောက်​နှင့်၊-

9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည့်​စ​ကား​ကို​နား​ထောင်​လော့။ ငါ​သည်​သူ တို့​၏​ဝမ်း​မြောက်​ရွှင်​လန်း​သံ​များ​နှင့်​မင်္ဂ​လာ ပွဲ​များ​၏​ပျော်​ရွှင်​သံ​များ​ကို ဤ​အ​ရပ်​တွင် ဆိတ်​သုဉ်း​စေ​မည်။ ဤ​အ​မှု​အ​ရာ​များ​ဖြစ် ပျက်​သည်​ကို​ဤ​အ​ရပ်​ရှိ​လူ​တို့​တွေ့​မြင် ရ​ကြ​လိမ့်​မည်။''

10 ``ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ပြည်​သူ​တို့​အား သင်​ပြော​ပြ​သော​အ​ခါ​သူ​တို့​က`ထာ​ဝ​ရ ဘု​ရား​သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​တို့​အား ဤ​မျှ​ပြင်း​ထန်​စွာ​အ​ပြစ်​ဒဏ်​ခတ်​ရန်​ဆုံး ဖြတ်​တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​ရာ​ဇ​ဝတ်​မှု​ကို​ကူး​လွန်​မိ​ပါ​သ နည်း။ အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သခင်​ထာ​ဝ​ရ ဘု​ရား​အား အ​ဘယ်​သို့​ပြစ်​မှား​မိ​ပါ သ​နည်း' ဟု​သင့်​အား​မေး​မြန်း​ကြ​လိမ့်​မည်။-

11 ထို​အ​ခါ​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​က`သင် တို့​ဘိုး​ဘေး​များ​သည် ငါ့​ကို​စွန့်​ပစ်​၍​အ​ခြား ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ သူ တို့​သည်​ငါ့​ကို​စွန့်​ပစ်​ကာ​ငါ​၏​သြ​ဝါ​ဒ များ​ကို​မ​လိုက်​နာ​ကြ။-

12 သင်​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​ထက် ပင်​ဆိုး​ရွား​စွာ​ပြု​ကျင့်​ကြ​လေ​ပြီ။ သင်​တို့ အား​လုံး​သည်​ခေါင်း​မာ​ဆိုး​ညစ်​လျက် ငါ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ။-

13 ထို့​ကြောင့်​ငါ​သည်​သင်​တို့​အား​သင်​တို့​နှင့်​သင် တို့​ဘိုး​ဘေး​များ​မ​ရောက်​ဘူး​သည့်​ပြည်​သို့ နှင်​ထုတ်​မည်။ ထို​ပြည်​တွင်​သင်​တို့​သည်​အ​ခြား ဘု​ရား​များ​ကို နေ့​ရော​ညဥ့်​ပါ​ဝတ်​ပြု​ကိုး ကွယ်​ကြ​လိမ့်​မည်။ ငါ​၏​ကျေး​ဇူး​က​ရု​ဏာ တော်​ကို​အ​ဘယ်​သို့​မျှ သင်​တို့​ခံစား​ရ​ကြ လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ကြောင်း ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။

14 ထာ​ဝ​ရ​ဘု​ရား​က``အ​ဘယ်​သူ​မျှ​ငါ့​အား ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​သူ၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​အ​ဖြစ်​ဖြင့်​တိုင်​တည်​ကျိန်​ဆို မှု​မ​ပြု​ကြ​တော့​မည့်​အ​ချိန်​ကျ​ရောက်​လာ လိမ့်​မည်။-