ယေ​ရ​မိ 17:7-13 BCL

7 ``သို့​ရာ​တွင်​ငါ့​ကို​ကိုး​စား​၍​ယုံ​ကြည်​သူ​အား ငါ​ကောင်း​ချီး​ပေး​မည်။

8 ထို​သူ​သည်​ရေ​အ​နီး​တွင်​စိုက်​သ​ဖြင့်​ရေ​ရှိ​ရာ​သို့ အ​မြစ်​ထိုး​၍​သွား​သည့်​သစ်​ပင်​နှင့်​တူ​၏။ထို​အ​ပင်​သည်​အ​ရွက်​များ​စိမ်း​လန်း​လျက်​ရှိ သ​ဖြင့် ပူ​ပြင်း​သည့်​ရာ​သီ​ကို​မ​ကြောက်။မိုး​ခေါင်​သော​အ​ခါ​၌​လည်း​စိုး​ရိမ်​စ​ရာ မ​ရှိ​ဘဲ အ​သီး​များ​သီး​မြဲ​သီး​၍​နေ​တတ်​၏။''

9 ``အ​ဘယ်​သူ​သည်​လူ​၏​စိတ်​နှ​လုံး​ကို သိ​နား​လည်​နိုင်​သ​နည်း။လူ​၏​စိတ်​နှ​လုံး​သည်​အ​ရာ​ခပ်​သိမ်း​ထက် စဉ်း​လဲ​တတ်​၏။ထို​စိတ်​နှ​လုံး​တွင်​ကု​သ​၍​မ​ရ​နိုင်​သော​အ​နာ ရှိ​၏။''

10 ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​၏​စိတ်​နေ သ​ဘော​ထား​ကို ရှာ​ဖွေ​၍​ကြည့်​တတ်​၏။စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ကို​လည်း​စစ်​ဆေး​၍ ကြည့်​တတ်​၏။ငါ​သည်​လူ​အ​ပေါင်း​တို့​အား​သူ​တို့​လုပ်​ဆောင်​သည့် အ​ကျင့်​အ​ရထိုက်​သင့်​သည့်​အ​ကျိုး​အ​ပြစ်​ကို​ပေး​တတ်​၏'' ဟု​မိန့်​တော်​မူ​၏။

11 မ​သ​မာ​သော​နည်း​ဖြင့်​ငွေ​ရှာ​သော​သူ​သည် မိ​မိ​မ​ဥ​သည့်​ဥ​များ​ကို​ဝပ်​သော​ငှက်​နှင့်​တူ​၏။သူ​သည်​ပ​ထ​မ​အ​ရွယ်​၌​ပင်​စည်း​စိမ်​ဥစ္စာ ဆုံး​ပါး​လျက် လူ​မိုက်​အ​ဖြစ်​နှင့်​သာ​လျှင်​နိ​ဂုံး​ချုပ်​ရ​တတ်​၏။

12 ငါ​တို့​ဗိ​မာန်​တော်​သည်​အ​စ​ကာ​လ​က​ပင် တောင်​ပေါ်​တွင်​တည်​လျက်၊ဘုန်း​အ​သ​ရေ​ထွန်း​တောက်​သည့်​ရာ​ဇ​ပလ္လင်​နှင့် တူ​၏။

13 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​မျှော်​ကိုး​ရာ​ဖြစ်​တော်​မူ​၏။ကိုယ်​တော်​ကို​စွန့်​ပစ်​သူ​မှန်​သ​မျှ​သည် အ​ရှက်​ကွဲ​ကြ​လိမ့်​မည်။သူ​တို့​သည်​အ​သက်​စမ်း​ရေ​ချို​တည်း​ဟူ သော ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပစ်​ကြ​ပြီ​ဖြစ်​၍မြေ​မှုန့်​ပေါ်​တွင်​ရေး​သား​ထား​သည့်၊အ​မည် နာ​မ​များ ကဲ့​သို့​ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။