ယေ​ရ​မိ 18:11-17 BCL

11 သို့​ဖြစ်​၍​ငါ​သည်​ယု​ဒ​ပြည်​သား​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အား ဆန့်​ကျင် ဘက်​ပြု​ရန်​ကြံ​စည်​လျက်​နေ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း၊ အ​ပြစ်​ဒဏ်​ခတ်​ရန်​ပြင်​ဆင် လျက်​နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း​ပြော ကြား​လော့။ အ​သီး​သီး​ဒု​စ​ရိုက်​တွင်​ကျင် လည်​မှု​ကို​ရပ်​စဲ​ကြ​ရန်၊ မိ​မိ​တို့​လမ်း​စဉ် နှင့်​အ​ကျင့်​အ​ကြံ​များ​ကို​ပြောင်း​လဲ​ကြ ရန်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ဆင့်​ဆို မှာ​ကြား​ကြောင်း​ပြော​ကြား​လော့။-

12 ထို​အ​ခါ​သူ​တို့​က``အ​ကျွန်ုပ်​တို့​မ​ပြောင်း လဲ​နိုင်​ပါ။ အ​ဘယ်​ကြောင့်​ပြောင်း​လဲ​ရ​ပါ မည်​နည်း။ ကျွန်ုပ်​တို့​သည်​စိတ်​ရှိ​လက်​ရှိ​ခေါင်း မာ​ဆိုး​ညစ်​လျက်​နေ​ကြ​ပါ​မည်'' ဟု​ဆို ကြ​လိမ့်​မည်။

13 သို့​ဖြစ်​၍​ငါ​ထာ​ဝ​ရ​ဘု​ရား​က၊``ဣ​သ​ရေ​လ​သ​မီး​ပျို​သည်​ကြောက်​မက်​ဖွယ် ကောင်း​သည့်​အ​မှု​ကို​ပြု​ကြ​လေ​ကုန်​ပြီ။အ​ဘယ်​အ​ခါ​က​များ​ဤ​အ​မှု​မျိုး​ဖြစ် ပျက်​ခဲ့​ဖူး​သ​နည်း​ဟုလူ​မျိုး​တ​ကာ​တို့​အား​မေး​မြန်း​လော့။

14 လေ​ဗ​နုန်​ကျောက်​တောင်​ထိပ်​တို့​သည်​မိုး​ပွင့် များ​နှင့် ကင်း​သည့်​အ​ခါ​ရှိ​ဖူး​သ​လော။ထို​တောင်​မှ​စီး​ဆင်း​လာ​သော​အေး​မြ​သည့်ချောင်း​များ​သည်​ခန်း​ခြောက်​သည့်​အ​ခါ​များ ရှိ​ဖူး​သ​လော။

15 သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​မူ​ကား​ငါ့​ကို မေ့​လျော့​ကြ​လေ​ပြီ။သူ​တို့​သည်​တန်​ဖိုး​မ​ရှိ​သော​ရုပ်​တု​များ​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ကြ​၏။သူ​တို့​သည်​မိ​မိ​တို့​လိုက်​သင့်​သော​လမ်း​တွင် ခြေ​ချော်​၍​လဲ​ကြ​လေ​ပြီ။လမ်း​ဟောင်း​ကို​မ​လိုက်​ကြ​တော့​ပေ။သူ​တို့​သည်​အ​မှတ်​အ​သား​ပြ​မ​ထား​သည့်မ​တည်​ဆောက်​ရ​သေး​သော​လမ်း​များ​ကို​လိုက် ကြ​၏။

16 သူ​တို့​သည်​ဤ​ပြည်​အား​လူ​သူ​ကင်း​မဲ့​သော ပြည်၊ထာ​ဝ​စဉ်​စက်​ဆုတ်​ဖွယ်​ကောင်း​သော​ပြည် ဖြစ်​စေ​ကြ​လေ​ပြီ။အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​လူ​အ​ပေါင်း တို့​သည် အံ့​သြ​တွေ​ဝေ​၍​သွား​ကြ​လျက်မိ​မိ​တို့​ဦး​ခေါင်း​ကို​ခါ​ကြ​လိမ့်​မည်။

17 ငါ​သည်​မိ​မိ​တို့​လူ​မျိုး​တော်​အား​အ​ရှေ့​လေ တိုက်​ခံ​ရ​သည့်​မြေ​မှုန့်​များ​ကဲ့​သို့ရန်​သူ​တို့​ရှေ့​တွင်​ကွဲ​လွင့်​၍​သွား​စေ​မည်။သူ​တို့​အား​ငါ​ကျော​ခိုင်း​၍​နေ​မည်။ငါ​သည်​ဘေး​အန္တ​ရာယ်​ဆိုး​ကျ​ရောက်​ချိန်​၌သူ​တို့​ဘက်​လှည့်​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​၏။