ယေ​ရ​မိ 23:17-23 BCL

17 သူ​တို့​သည်​ငါ​၏​စကား​ကို​နား​ထောင်​ရန်​ငြင်း ဆန်​သူ​တို့​အား`သင်​တို့​အ​ဖို့​အ​စ​စ​အ​ရာ​ရာ အ​ဆင်​ပြေ​လိမ့်​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် ဆို​သည်' ဟု​အ​ဖန်​တစ်​လဲ​လဲ​ဟော​ပြော​ကြ​၏။ ခေါင်း​မာ​သူ​အ​ပေါင်း​တို့​အား​လည်း`သင်​တို့ အ​ပေါ်​သို့​အ​ဘယ်​အ​ခါ​၌​မျှ​ဘေး​အန္တ​ရာယ် ဆိုး​သက်​ရောက်​လိမ့်​မည်​မ​ဟုတ်' ဟု​ဆို​ကြ​၏'' ဟူ​၍​မိန့်​တော်​မူ​၏။

18 ငါ​က``ဤ​ပ​ရော​ဖက်​များ​အ​နက်​အ​ဘယ်​သူ မျှ ထာ​ဝ​ရ​ဘု​ရား​၏​လျှို့​ဝှက်​သော​အ​ကြံ အ​စည်​တော်​တို့​ကို​သိ​ရှိ​သည်​ဟူ​၍​မ​ရှိ။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​၏​ဗျာ​ဒိတ်​တော် ကို​ကြား​သည်၊ နား​လည်​သည်​ဟူ​၍​မ​ရှိ​ကြ။ သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို​နား မ​ထောင်။ ပ​မာ​ဏ​လည်း​မ​ပြု​ကြ။-

19 ကိုယ်​တော်​၏​အမျက်​တော်​သည်​လူ​ယုတ်​မာ​တို့ ၏​ဦး​ခေါင်း​ထက်​တွင်​တိုက်​ခတ်​သည့်​လေ​ပြင်း မုန်​တိုင်း​နှင့်​တူ​၏။-

20 ထို​အ​မျက်​တော်​သည်​ကိုယ်​တော်​ကြံ​စည်​တော် မူ​သ​မျှ​သော​အ​မှု​များ​မ​ပြီး​မ​ချင်း​ပြေ ငြိမ်း​လိမ့်​မည်​မ​ဟုတ်။ ဤ​အ​ချက်​ကို​ကိုယ် တော်​၏​လူ​မျိုး​တော်​သည် လာ​လတ္တံ့​သော​နေ့ ရက်​များ​၌​သိ​ရှိ​နား​လည်​လာ​ကြ​လိမ့်​မည်'' ဟု​ဆို​၏။

21 ထာ​ဝ​ရ​ဘု​ရား​က``ဤ​ပ​ရော​ဖက်​တို့​သည် ငါ မ​စေ​လွှတ်​သော်​လည်း​ထွက်​သွား​ကြ​၏။ သူ​တို့ အား​အ​ဘယ်​ဗျာ​ဒိတ်​ကို​မျှ​ငါ​မ​ပေး​သော် လည်း သူ​တို့​သည်​ငါ​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍​ဟော​ပြော​ကြ​၏။-

22 အ​ကယ်​၍​သူ​တို့​သည်​ငါ​၏​လျှို့​ဝှက်​သော အ​ကြံ​အ​စည်​တော်​တို့​ကို​သာ​သိ​ရှိ​ကြ မည်​ဆို​ပါ​မူ ငါ​၏​ဗျာ​ဒိတ်​တော်​ကို​ငါ့​လူ မျိုး​တော်​အား​ဟော​ပြော​ကြေ​ညာ​ကာ သူ​တို့ ၏​ဆိုး​ညစ်​သည့်​အ​ကျင့်​များ​နှင့်​သူ​တို့​ပြု သည့်​ယုတ်​မာ​မှု​များ​ကို​စွန့်​ပစ်​စေ​နိုင်​ကြ လိမ့်​မည်။

23 ``ငါ​သည်​အ​နီး​၌​သာ​ရှိ​သည်​မ​ဟုတ်။ အ​ရပ် တ​ကာ​တွင်​ရှိ​တော်​မူ​သော​ဘု​ရား​ဖြစ်​ပေ သည်။-''