ယေ​ရ​မိ 23:28-34 BCL

28 အိပ်​မက်​ကို​မြင်​မက်​သည့်​ပ​ရော​ဖက်​သည် မိ​မိ မြင်​မက်​သည့်​အ​ရာ​မှာ​အိပ်​မက်​မျှ​သာ​ဖြစ် ကြောင်း​ပြော​ကြား​သင့်​၏။ သို့​ရာ​တွင်​ငါ​၏ ဗျာ​ဒိတ်​တော်​ကို​ကြား​သည့်​ပ​ရော​ဖက်​မူ​ကား ထို​ဗျာ​ဒိတ်​တော်​ကို​သစ္စာ​နှင့်​ပြန်​ကြား​ရ​၏။ ဂျုံ ဆန်​နှင့်​နှိုင်း​စာ​သော်​ကောက်​ရိုး​သည်​အ​ဘယ် မျှ​အ​သုံး​ဝင်​သ​နည်း။-

29 ငါ​၏​ဗျာ​ဒိတ်​တော်​သည်​မီး​နှင့်​တူ​၍​ကျောက် ကို​ထု​ခွဲ​နိုင်​သည့်​တူ​နှင့်​တူ​၏။-

30 မိ​မိ​တို့​အ​ချင်း​ချင်း​ပြော​ဆို​ကြ​သည့်​စ​ကား များ​ကို ငါ​၏​ဗျာ​ဒိတ်​တော်​ကဲ့​သို့​ပြန်​ကြား​ပြော ဆို​သည့်​ပ​ရော​ဖက်​တို့​ကို​ငါ​ဆန့်​ကျင်​ဘက်​ပြု မည်။-

31 မိ​မိ​တို့​၏​စ​ကား​ကို​ငါ့​စ​ကား​ကဲ့​သို့​ပြော ဆို​သည့် ပ​ရော​ဖက်​တို့​ကို​လည်း​ဆန့်​ကျင်​ဘက် ပြု​မည်။-

32 ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​စ​ကား ကို​နား​ထောင်​ကြ​လော့။ မု​သား​အ​ပြည့်​ပါ​သည့် မိ​မိ​တို့​၏​အိပ်​မက်​များ​အ​ကြောင်း​ကို​ဟော ပြော​ကြ​သော​ပ​ရော​ဖက်​တို့​ကို​ငါ​ဆန့်​ကျင် ဘက်​ပြု​မည်။ သူ​တို့​သည်​ထို​အိပ်​မက်​များ​ကို လိမ်​လည်​ကြွား​ဝါ​ဟော​ပြော​ခြင်း​အား​ဖြင့် ငါ ၏​လူ​မျိုး​တော်​အား​လမ်း​လွဲ​စေ​ကြ​၏။ ငါ သည်​သူ​တို့​အား​မ​စေ​လွှတ်​ခဲ့။ သွား​ရန်​လည်း အ​မိန့်​မ​ပေး​ခဲ့။ သို့​ဖြစ်​၍​သူ​တို့​သည်​လူ​တို့ အ​တွက်​အ​ဘယ်​သို့​မျှ​အ​ကျိုး​မ​ပြု​ကြ။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

33 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ယေ​ရ​မိ၊ ငါ ၏​လူ​မျိုး​တော်​အ​နက်​မှ​တစ်​စုံ​တစ်​ယောက် သော​သူ​က​သော်​လည်း​ကောင်း၊ ပ​ရော​ဖက်​သို့ မ​ဟုတ် ယဇ်​ပု​ရော​ဟိတ်​က​သော်​လည်း​ကောင်း သင့်​အား`ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကား အ​ဘယ်​နည်း' ဟု​မေး​သော​အ​ခါ`ထာ​ဝ​ရ ဘု​ရား​က​ငါ​သည်​သင့်​ကို​ဖယ်​ရှား​တော် မူ​လိမ့်​မည်' ဟု​ဖြေ​ကြား​လော့။-

34 အ​ကယ်​၍​ပ​ရော​ဖက်​သို့​မ​ဟုတ် ယဇ်​ပု​ရော​ဟိတ် တစ်​စုံ​တစ်​ယောက်​က​သော်​လည်း​ကောင်း၊ လူ​တစ်​ဦး တစ်​ယောက်​က​သော်​လည်း​ကောင်း`ထာ​ဝ​ရ​ဘု​ရား ၏​ဝန်​ထုပ်​ဝန်​ပိုး' ဟူ​သော​စ​ကား​ကို​သုံး​နှုန်း ပါ​မူ ငါ​သည်​ထို​သူ​နှင့်​သူ​၏​အိမ်​ထောင်​စု အား​အ​ပြစ်​ဒဏ်​ခတ်​မည်။-