ယေ​ရ​မိ 23:33-39 BCL

33 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ယေ​ရ​မိ၊ ငါ ၏​လူ​မျိုး​တော်​အ​နက်​မှ​တစ်​စုံ​တစ်​ယောက် သော​သူ​က​သော်​လည်း​ကောင်း၊ ပ​ရော​ဖက်​သို့ မ​ဟုတ် ယဇ်​ပု​ရော​ဟိတ်​က​သော်​လည်း​ကောင်း သင့်​အား`ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကား အ​ဘယ်​နည်း' ဟု​မေး​သော​အ​ခါ`ထာ​ဝ​ရ ဘု​ရား​က​ငါ​သည်​သင့်​ကို​ဖယ်​ရှား​တော် မူ​လိမ့်​မည်' ဟု​ဖြေ​ကြား​လော့။-

34 အ​ကယ်​၍​ပ​ရော​ဖက်​သို့​မ​ဟုတ် ယဇ်​ပု​ရော​ဟိတ် တစ်​စုံ​တစ်​ယောက်​က​သော်​လည်း​ကောင်း၊ လူ​တစ်​ဦး တစ်​ယောက်​က​သော်​လည်း​ကောင်း`ထာ​ဝ​ရ​ဘု​ရား ၏​ဝန်​ထုပ်​ဝန်​ပိုး' ဟူ​သော​စ​ကား​ကို​သုံး​နှုန်း ပါ​မူ ငါ​သည်​ထို​သူ​နှင့်​သူ​၏​အိမ်​ထောင်​စု အား​အ​ပြစ်​ဒဏ်​ခတ်​မည်။-

35 သူ​သည်​ထို​သို့​ပြော​ဆို​မည့်​အ​စား မိ​မိ​၏ အ​သိ​မိတ်​ဆွေ​များ​နှင့်​ဆွေ​မျိုး​ညာ​တိ​တို့ အား`ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​ဖြေ​ကြား တော်​မူ​ပါ​သ​နည်း။ ကိုယ်​တော်​အ​ဘယ်​သို့ မိန့်​တော်​မူ​ပါ​သနည်း' ဟူ​၍​မေး​မြန်း​ရာ​၏။-

36 သို့​ဖြစ်​၍`ထာ​ဝ​ရ​ဘု​ရား​၏​ဝန်​ထုပ်​ဝန်​ပိုး' ဟူ​သော​စ​ကား​ကို နောက်​တစ်​ဖန်​ထို​သူ​တို့ မ​ပြော​ရ​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​တစ် စုံ​တစ်​ယောက်​သော​သူ​သည်​ဤ​သို့​ပြော​ဆို ပါ​က၊ ငါ​၏​ဗျာ​ဒိတ်​တော်​ကို​ယင်း​သို့​ပြော ဆို​သူ​အ​တွက်​အ​ကယ်​ပင်​ဝန်​ထုပ်​ဝန်​ပိုး ဖြစ်​စေ​မည်။ လူ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်၊ အ​သက်​ရှင်​တော်​မူ​သော​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား တော်​ကို အ​မှောက်​မှောက်​အ​မှား​မှား​ဖြစ် စေ​ကြ​လေ​ပြီ။-

37 ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​အ​ဘယ် သို့​ဖြေ​ကြား​တော်​မူ​ပါ​သ​နည်း။ ကိုယ်​တော် အ​ဘယ်​သို့​ဗျာ​ဒိတ်​ပေး​တော်​မူ​ပါ​သ​နည်း' ဟု​ပ​ရော​ဖက်​တို့​အား​မေး​မြန်း​ရန်​ထာ​ဝ​ရ ဘု​ရား​က​ယေ​ရ​မိ​အား​မိန့်​တော်​မူ​၏။-

38 အ​ကယ်​၍​သူ​တို့​သည်​ငါ​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ဘဲ``ထာ​ဝ​ရ​ဘု​ရား​၏​ဝန်​ထုပ်​ဝန် ပိုး'' ဟူ​သော​စ​ကား​ကို​သုံး​သော​သူ​တို့ အား​ဤ​သို့​ပြော​ကြား​လော့။-

39 ငါ​သည်​သူ​တို့​နှင့်​တ​ကွ​သူ​တို့​၏​ဘိုး​ဘေး များ​အား ပေး​အပ်​ခဲ့​သည့်​မြို့​ကို​ကောက်​ယူ​၍ အ​ဝေး​သို့​ပစ်​ထုတ်​မည်။-