ယေ​ရ​မိ 23:6-12 BCL

6 ထို​မင်း​နန်း​စံ​ချိန်​၌​ယု​ဒ​ပြည်​သား​တို့​သည် ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လျက်၊ ဣ​သ​ရေ​လ​ပြည် သား​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​စွာ​နေ​ထိုင် ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထို​မင်း​၏​ဘွဲ့ နာ​မ​ကို``ငါ​တို့​အား​ကယ်​တင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား'' ဟူ​၍​ခေါ်​ဆို​သ​မုတ်​ကြ လိမ့်​မည်။

7 ထာ​ဝ​ရ​ဘု​ရား​က``လူ​တို့​သည်​ငါ့​အား ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​လာ​သည့်​အ​သက်​ရှင်​တော်​မူ သော​ဘု​ရား​သ​ခင်​အ​ဖြစ်​ဖြင့် တိုင်​တည် ကျိန်​ဆို​မှု​မ​ပြု​ကြ​တော့​မည့်​အ​ချိန် ကျ​ရောက်​လာ​လိမ့်​မည်။-

8 သူ​တို့​သည်​ယင်း​သို့​ကျိန်​ဆို​မည့်​အ​စား၊ ငါ့ အား​ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​မြောက် ဘက်​ပြည်​မှ​လည်း​ကောင်း၊ သူ​တို့​အား​ငါ​ကွဲ လွင့်​စေ​ရာ​အ​ခြား​ပြည်​အ​ပေါင်း​မှ​လည်း ကောင်း ပြန်​လည်​ခေါ်​ဆောင်​လာ​သည့်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​အ​ဖြစ်​ဖြင့် တိုင်​တည်​ကျိန်​ဆို​ကြ​လိမ့်​မည်။ ထို​နောက်​သူ တို့​သည်​မိ​မိ​တို့​ကိုယ်​ပိုင်​ပြည်​တွင်​နေ​ထိုင် ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။

9 ပ​ရော​ဖက်​များ​နှင့်​သက်​ဆိုင်​၍​ဤ​သို့​ဆို​၏။ငါ​၏​စိတ်​နှ​လုံး​သည်​ကြေ​ကွဲ​လျက်​ငါ​၏ အ​ရိုး​တို့​သည်​တုန်​လှုပ်​လျက်​ရှိ​၏။ထာ​ဝ​ရ​ဘု​ရား​၏​အ​တွက်​ကြောင့်​လည်း ကောင်း၊ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗျာ​ဒိတ်​တော်​များ​ကြောင့်​လည်း​ကောင်းငါ​သည်​စ​ပျစ်​ရည်​သောက်​ကြူး​၍ ယစ်​မူး​လျက်​နေ​သူ​နှင့်​တူ​တော့​၏။

10 ငါ​တို့​ပြည်​သည်​ထာ​ဝ​ရ​ဘု​ရား​အား သစ္စာ​မဲ့​သူ​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​၏။သူ​တို့​သည်​မ​သ​မာ​သော​အ​မှု​များ​ကို ပြု​ကျင့်​လျက်မိ​မိ​တို့​တန်​ခိုး​အာ​ဏာ​ကို​အ​လွဲ​သုံး​စား ပြု​ကြ​၏။ငါ​တို့​ပြည်​သည်​ထာ​ဝ​ရ​ဘု​ရား​၏ကျိန်​စာ​သင့်​သ​ဖြင့်​ငို​ကြွေး​မြည်​တမ်း လျက်၊တိရစ္ဆာန် စား​ကျက်​သည်​လည်း​ခြောက်​သွေ့​လျက်​နေ​၏။

11 ထာ​ဝ​ရ​ဘု​ရား​က``ပ​ရော​ဖက်​များ​နှင့် ယဇ်​ပု​ရော​ဟိတ်​တို့​တွင်​ဘု​ရား​တရား​မ​ရှိ တော့​ပြီ။ဗိ​မာန်​တော်​ထဲ​၌​ပင်​သူ​တို့​မ​ကောင်း​မှု​ပြု ကျင့် ကြ​သည်​ကို​ငါ​တွေ့​မြင်​ရ​၏။

12 သူ​တို့​လိုက်​လျှောက်​သည့်​လမ်း​သည်​ချော ကျိ​ကျိ​နှင့် မှောင်​မိုက်​၍​နေ​လိမ့်​မည်။ငါ​သည်​လည်း​သူ​တို့​အား​ခြေ​ချော်​၍​လဲ စေ​မည်။သူ​တို့​အ​ပေါ်​သို့​ဘေး​အန္တ​ရာယ်​ဆိုး​ကို သက်​ရောက်​စေ​မည်။သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ရာ​နေ့​ရက်​ကာ​လ သည် ကျ​ရောက်​လာ​လိမ့်​မည်။ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။