17 ထိုနောက်မြို့မိမြို့ဖအချို့တို့သည်ထ၍ စုဝေးလျက်ရှိသောပရိသတ်အား၊-
18 ``ယုဒဘုရင်ဟေဇကိလက်ထက်၌ မေရရှ ရွာသားပရောဖက်မိက္ခာသည်ပြည်သူအပေါင်း တို့အား အနန္တတန်ခိုးရှင်ထာဝရဘုရားက၊`ဇိအုန်တောင်သည်လယ်မြေကဲ့သို့ထွန်ယက် ခြင်းကို ခံရလိမ့်မည်။ယေရုရှလင်မြို့သည်ကျောက်ပုံဖြစ်၍လာ လျက်ဗိမာန်တော်တောင်ကုန်းသည်သစ်တော ဖြစ်လိမ့်မည်' ဟုမိန့်တော်မူကြောင်းဆင့်ဆိုခဲ့လေသည်။
19 ယုဒဘုရင်ဟေဇကိနှင့်သူ၏ပြည်သူတို့ သည် မိက္ခာအားသေဒဏ်မပေးခဲ့ကြ။ သေ ဒဏ်ပေးမည့်အစားဟေဇကိသည် ထာဝရ ဘုရားအားကြောက်ရွံ့သဖြင့်ရှေ့တော်၌ မျက်နှာပွင့်လန်းရန်ကြိုးစား၍ဆောင်ရွက် ၏။ ထိုအခါထာဝရဘုရားသည်ထိုသူတို့ အပေါ်သို့ဘေးအန္တရာယ်ဆိုးသက်ရောက် စေမည်ဟု ယခင်ကမိန့်ကြားခဲ့သော်လည်း မိမိစိတ်တော်ကိုပြောင်းလဲစေတော်မူ၏။ ယခုငါတို့သည်မိမိတို့အပေါ်သို့ ကြောက်မက်ဖွယ်ကောင်းသည့်ဘေးအန္တရာယ် ဆိုးသက်ရောက်အောင်ပြုကြသည်တကား'' ဟုဆိုကြ၏။
20 (ထာဝရဘုရား၏နာမတော်ကိုအမှီ ပြု၍ ဟောပြောကြသူအခြားလူတစ် ယောက်ရှိသေး၏။ ထိုသူသည်ရှေမာယ ၏သား၊ ကိရယတ်ယာရိမ်မြို့သားဥရိယ ဖြစ်၏။ သူသည်ဤမြို့နှင့်ဤလူမျိုးအား ဆန့်ကျင်၍ယေရမိဟောပြောသကဲ့သို့ ဟောပြောခဲ့၏။-
21 သူ၏စကားကိုယောယကိမ်မင်းနှင့်သူ၏ မှူးမတ်များနှင့်စစ်သည်တော်များကြားသော အခါ မင်းကြီးသည်သူ့အားကွပ်မျက်ရန် ကြိုးစား၏။ သို့ရာတွင်ဥရိယသည်ထိုသတင်း ကိုကြားသဖြင့်ကြောက်၍အီဂျစ်ပြည်သို့ ထွက်ပြေးသွားလေသည်။-
22 ယောယကိမ်မင်းသည်လည်းဥရိယအား ဖမ်းဆီးရန် အာခဗော်၏သားဧလနာသန် နှင့်လူအချို့ကိုအီဂျစ်ပြည်သို့စေလွှတ် လိုက်၏။-
23 သူတို့သည်ဥရိယအားအီဂျစ်ပြည်မှ ယောယကိမ်မင်းထံသို့ပြန်လည်ခေါ်ဆောင် လာလေလျှင် မင်းကြီးသည်သူ့ကိုသတ်၍ ပြည်သူတို့၏သင်္ချိုင်းတွင်ပစ်ထားစေ၏။)