ယေ​ရ​မိ 26:18-24 BCL

18 ``ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​လက်​ထက်​၌ မေ​ရ​ရှ ရွာ​သား​ပ​ရော​ဖက်​မိက္ခာ​သည်​ပြည်​သူ​အ​ပေါင်း တို့​အား အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က၊`ဇိ​အုန်​တောင်​သည်​လယ်​မြေ​ကဲ့​သို့​ထွန်​ယက် ခြင်း​ကို ခံ​ရ​လိမ့်​မည်။ယေ​ရု​ရှ​လင်​မြို့​သည်​ကျောက်​ပုံ​ဖြစ်​၍​လာ လျက်ဗိ​မာန်​တော်​တောင်​ကုန်း​သည်​သစ်​တော ဖြစ်​လိမ့်​မည်' ဟုမိန့်​တော်​မူ​ကြောင်း​ဆင့်​ဆို​ခဲ့​လေ​သည်။

19 ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​နှင့်​သူ​၏​ပြည်​သူ​တို့ သည် မိက္ခာ​အား​သေ​ဒဏ်​မ​ပေး​ခဲ့​ကြ။ သေ ဒဏ်​ပေး​မည့်​အ​စား​ဟေ​ဇ​ကိ​သည် ထာ​ဝ​ရ ဘု​ရား​အား​ကြောက်​ရွံ့​သ​ဖြင့်​ရှေ့​တော်​၌ မျက်​နှာ​ပွင့်​လန်း​ရန်​ကြိုး​စား​၍​ဆောင်​ရွက် ၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့ အ​ပေါ်​သို့​ဘေး​အန္တ​ရာယ်​ဆိုး​သက်​ရောက် စေ​မည်​ဟု ယ​ခင်​က​မိန့်​ကြား​ခဲ့​သော်​လည်း မိ​မိ​စိတ်​တော်​ကို​ပြောင်း​လဲ​စေ​တော်​မူ​၏။ ယ​ခု​ငါ​တို့​သည်​မိ​မိ​တို့​အ​ပေါ်​သို့ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​ဘေး​အန္တ​ရာယ် ဆိုး​သက်​ရောက်​အောင်​ပြု​ကြ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။

20 (ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ဟော​ပြော​ကြ​သူ​အ​ခြား​လူ​တစ် ယောက်​ရှိ​သေး​၏။ ထို​သူ​သည်​ရှေ​မာ​ယ ၏​သား၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​ဥ​ရိ​ယ ဖြစ်​၏။ သူ​သည်​ဤ​မြို့​နှင့်​ဤ​လူ​မျိုး​အား ဆန့်​ကျင်​၍​ယေ​ရ​မိ​ဟော​ပြော​သ​ကဲ့​သို့ ဟော​ပြော​ခဲ့​၏။-

21 သူ​၏​စ​ကား​ကို​ယော​ယ​ကိမ်​မင်း​နှင့်​သူ​၏ မှူး​မတ်​များ​နှင့်​စစ်​သည်​တော်​များ​ကြား​သော အ​ခါ မင်း​ကြီး​သည်​သူ့​အား​ကွပ်​မျက်​ရန် ကြိုး​စား​၏။ သို့​ရာ​တွင်​ဥ​ရိ​ယ​သည်​ထို​သ​တင်း ကို​ကြား​သ​ဖြင့်​ကြောက်​၍​အီ​ဂျစ်​ပြည်​သို့ ထွက်​ပြေး​သွား​လေ​သည်။-

22 ယော​ယ​ကိမ်​မင်း​သည်​လည်း​ဥ​ရိ​ယ​အား ဖမ်း​ဆီး​ရန် အာ​ခ​ဗော်​၏​သား​ဧ​လ​နာ​သန် နှင့်​လူ​အ​ချို့​ကို​အီ​ဂျစ်​ပြည်​သို့​စေ​လွှတ် လိုက်​၏။-

23 သူ​တို့​သည်​ဥ​ရိ​ယ​အား​အီ​ဂျစ်​ပြည်​မှ ယော​ယ​ကိမ်​မင်း​ထံ​သို့​ပြန်​လည်​ခေါ်​ဆောင် လာ​လေ​လျှင် မင်း​ကြီး​သည်​သူ့​ကို​သတ်​၍ ပြည်​သူ​တို့​၏​သင်္ချိုင်း​တွင်​ပစ်​ထား​စေ​၏။)

24 သို့​ရာ​တွင်​ငါ​သည်​ရှာ​ဖန်​၏​သား အ​ဟိ​ကံ ၏​ထောက်​ခံ​မှု​ကို​ရ​ရှိ​သ​ဖြင့် လူ​တို့​လက် သို့​အပ်​၍​အ​သတ်​မ​ခံ​ရ​ခြင်း​ဖြစ်​၏။