ယေ​ရ​မိ 26:21-24 BCL

21 သူ​၏​စ​ကား​ကို​ယော​ယ​ကိမ်​မင်း​နှင့်​သူ​၏ မှူး​မတ်​များ​နှင့်​စစ်​သည်​တော်​များ​ကြား​သော အ​ခါ မင်း​ကြီး​သည်​သူ့​အား​ကွပ်​မျက်​ရန် ကြိုး​စား​၏။ သို့​ရာ​တွင်​ဥ​ရိ​ယ​သည်​ထို​သ​တင်း ကို​ကြား​သ​ဖြင့်​ကြောက်​၍​အီ​ဂျစ်​ပြည်​သို့ ထွက်​ပြေး​သွား​လေ​သည်။-

22 ယော​ယ​ကိမ်​မင်း​သည်​လည်း​ဥ​ရိ​ယ​အား ဖမ်း​ဆီး​ရန် အာ​ခ​ဗော်​၏​သား​ဧ​လ​နာ​သန် နှင့်​လူ​အ​ချို့​ကို​အီ​ဂျစ်​ပြည်​သို့​စေ​လွှတ် လိုက်​၏။-

23 သူ​တို့​သည်​ဥ​ရိ​ယ​အား​အီ​ဂျစ်​ပြည်​မှ ယော​ယ​ကိမ်​မင်း​ထံ​သို့​ပြန်​လည်​ခေါ်​ဆောင် လာ​လေ​လျှင် မင်း​ကြီး​သည်​သူ့​ကို​သတ်​၍ ပြည်​သူ​တို့​၏​သင်္ချိုင်း​တွင်​ပစ်​ထား​စေ​၏။)

24 သို့​ရာ​တွင်​ငါ​သည်​ရှာ​ဖန်​၏​သား အ​ဟိ​ကံ ၏​ထောက်​ခံ​မှု​ကို​ရ​ရှိ​သ​ဖြင့် လူ​တို့​လက် သို့​အပ်​၍​အ​သတ်​မ​ခံ​ရ​ခြင်း​ဖြစ်​၏။