ယေ​ရ​မိ 28:2-8 BCL

2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည်​ဗာ​ဗု​လုန်​မင်း​၏​အာ​ဏာ တန်​ခိုး​ကို​ချိုး​နှိမ်​တော်​မူ​ပြီ။-

3 ဤ​ဗိ​မာန်​တော်​မှာ​ဗာ​ဗု​လုန်​မြို့​သို့​နေ​ဗု​ခဒ် နေ​ဇာ​မင်း​သိမ်း​ယူ​သွား​သော​ဘဏ္ဍာ​မှန်​သ​မျှ ကို နှစ်​နှစ်​အ​တွင်း​ဤ​ဌာ​န​တော်​သို့​ငါ​ပြန် လည်​ယူ​ဆောင်​လာ​မည်။-

4 ငါ​သည်​ယော​ယ​ကိမ်​၏​သား​ယု​ဒ​ဘု​ရင် ယေ​ခေါ​နိ​ကို​လည်း ယု​ဒ​ပြည်​မှ​ဗာ​ဗု​လုန် မြို့​သို့​လိုက်​ပါ​သွား​ရ​ကြ​သည့်​သုံ့​ပန်း​များ နှင့်​အ​တူ​ပြန်​လည်​ခေါ်​ဆောင်​ခဲ့​မည်။ ဗာ​ဗု လုန်​မင်း​၏​အာ​ဏာ​တန်​ခိုး​ကို​အ​မှန်​ပင် ငါ​ချိုး​နှိမ်​တော်​မူ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​ကြောင်း​ပြော​ကြား​လေ​၏။

5 ထို​အ​ခါ​ငါ​သည်​ပ​ရော​ဖက်​ဟာ​န​နိ​အား ဗိ​မာန်​တော်​ထဲ​တွင်​ရပ်​လျက်​နေ​သော ယဇ်​ပု ရော​ဟိတ်​များ​နှင့်​ပြည်​သူ​အ​ပေါင်း​တို့​၏ ရှေ့​၌၊-

6 ``သင်​ပြော​သည့်​အ​တိုင်း​ပင်​ဖြစ်​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​အ​တိုင်း​ပင်​ပြု​တော် မူ​လိမ့်​မည်​ဟု​လည်း​ငါ​မျှော်​လင့်​ပါ​၏။ ကိုယ် တော်​သည်​သင်​၏​ဟော​ကြား​ချက်​များ​ကို အ​ကောင်​အ​ထည်​ပေါ်​စေ​တော်​မူ​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့​သိမ်း ယူ​သွား​သော​ဗိ​မာန်​တော်​ဘဏ္ဍာ​များ​နှင့် သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး​သွား​သည့်​သူ အ​ပေါင်း​တို့​အား ပြန်​လည်​ခေါ်​ဆောင်​လာ တော်​မူ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း​ငါ မျှော်​လင့်​ပါ​၏။-

7 သို့​ရာ​တွင်​သင်​နှင့်​တ​ကွ​ပြည်​သူ​အ​ပေါင်း တို့​အား ငါ​ပြော​ဆို​သည့်​စ​ကား​ကို​နား ထောင်​လော့။-

8 သင်​နှင့်​ငါ​တို့​၏​ခေတ်​မ​တိုင်​မီ​ရှေး​အ​ခါ​၌ ဟော​ကြား​ခဲ့​သော​ပ​ရော​ဖက်​များ​က​လူ​မျိုး တ​ကာ​တို့​သည်​လည်း​ကောင်း၊ တန်​ခိုး​ကြီး သော​နိုင်​ငံ​များ​သည်​လည်း​ကောင်း၊ စစ်​မက် အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​သင့်​ကြ​ရ​လိမ့်​မည်​ဟု ဖော်​ပြ​ခဲ့​ကြ​၏။-