ယေ​ရ​မိ 29:24-25-30-32 BCL

24-25 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် နေ​ဟေ​လံ ရွာ​သား​ရှေ​မာ​ယ​အား​ပြော​ကြား​ရန်​ငါ့​အား စေ​ခိုင်း​တော်​မူ​၏။ သူ​သည်​မိ​မိ​ကိုယ်​တိုင်​လက် မှတ်​ရေး​ထိုး​၍ ယေရု​ရှ​လင်​မြို့​သား​အ​ပေါင်း တို့​ထံ​သို့​စာ​ရေး​သား​ပေး​ပို့​ခဲ့​၏။ ယဇ်​ပု​ရော ဟိတ်​မာ​သေ​ယ​၏​သား​ဇေ​ဖ​နိ​နှင့်​အ​ခြား ယဇ်​ပု​ရော​ဟိတ်​များ​ထံ​သို့ ရှေ​မာ​ယ​ရေး သော​စာ​တွင်၊-

26 ``ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ယော​ယ​ဒ နေ​ရာ​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခန့်​ထား​သည် ဖြစ်​၍ ယ​ခု​သင်​သည်​ဗိ​မာန်​တော်​အုပ်​ချုပ်​ရေး မှူး​ဖြစ်​၍​လာ​လေ​ပြီ။ ပ​ရော​ဖက်​ဟန်​ဆောင် သည့်​သူ​ရူး​မှန်​သ​မျှ​ကို သံ​ပတ်​တပ်​၍​သံ​ကြိုး နှင့်​ချည်​နှောင်​ထား​ရန်​အ​လုပ်​မှာ​သင်​၏​တာ​ဝန် ပင်​ဖြစ်​ပေ​သည်။-

27 သင်​သည်​လူ​တို့​အား​ပ​ရော​ဖက်​ပြု​၍ ဟော ပြော​နေ​သည့်​အာန​သုတ်​မြို့​သား​ယေ​ရ​မိ​ကို အ​ဘယ်​ကြောင့်​ပြစ်​တင်​ဆုံး​မ​မှု မ​ပြု​ပါ သ​နည်း။-

28 ယေ​ရ​မိ​သည်​ဗာ​ဗု​လုန်​မြို့​တွင်​ရှိ​သည့်​လူ​တို့ အား သူ​တို့​သည်​သုံ့​ပန်း​များ​အ​ဖြစ်​ဖြင့်​ကာ​လ ကြာ​မြင့်​စွာ​နေ​ရ​ကြ​မည်​ဖြစ်​၍ အိမ်​ရာ​များ ဆောက်​လုပ်​ကာ​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​ရန် နှင့် ဥ​ယျာဉ်​များ​စိုက်​ပျိုး​၍​ရ​ရှိ​သည့်​အ​သီး အ​နှံ​များ​ကို​စား​ကြ​ရန်​ဆင့်​ဆို​ပြော​ကြား ခဲ့​၏'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။

29 ထို​စာ​ကို​ဇေ​ဖ​နိ​သည်​ငါ့​အား​ဖတ်​ပြ​၏။-

30-32 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``ငါ​ထာ​ဝ​ရ ဘု​ရား​သည်​ရှေ​မာ​ယ​နှင့်​သူ​၏​သား​မြေး တို့​ကို​အ​ပြစ်​ဒဏ်​ခတ်​မည်။ သူ့​ကို​ငါ​မ​စေ လွှတ်​ခဲ့​သော်​လည်း​သူ​သည်​ပ​ရော​ဖက်​တစ် ပါး​ဖြစ်​လေ​ဟန်​ဖြင့်​ဟော​ပြော​ကာ သင်​တို့ အား​မု​သား​စ​ကား​ကို​ယုံ​ကြည်​စေ​သည် ဖြစ်​၍ သူ​နှင့်​သူ​၏​သား​မြေး​တစ်​စုံ​တစ်​ယောက် မျှ​မ​ကျန်​ငါ​ဒဏ်​ခတ်​လိမ့်​မည်။ သူ​သည်​ငါ​၏ လူ​မျိုး​တော်​အား​ငါ့​ကို​ပုန်​ကန်​ရန်​လှုံ့​ဆော် ပြော​ဆို​၏။ ထို့​ကြောင့်​သူ​သည်​ထို​သူ​တို့​အား ငါ​ချ​ပေး​မည့်​ကောင်း​ကျိုး​ချမ်း​သာ​ကို​တွေ့ မြင်​ရ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု ရှေ​မာ​ယ​နှင့်​ပတ်​သက်​၍​မိန့်​မြွက်​တော်​မူ သော​စ​ကား​ကို ဗာ​ဗု​လုန်​မြို့​ရှိ​သုံ့​ပန်း အ​ပေါင်း​တို့​အား​အ​ကြောင်း​ကြား​ရန် ငါ့​အား​မိန့်​မှာ​တော်​မူ​၏။