ယေ​ရ​မိ 3:1-4 BCL

1 ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​တစ်​စုံ​တစ် ယောက်​သည် မိ​မိ​၏​ဇ​နီး​ကို​ကွာ​ရှင်း​လိုက် သော​အ​ခါ ထို​အ​မျိုး​သ​မီး​သည်​သူ​၏​ထံ မှ​ထွက်​ခွာ​၍​အ​ခြား​အ​မျိုး​သား​တစ်​ဦး နှင့်​အိမ်​ထောင်​ပြု​၏။ ထို​အ​ခါ​ပ​ထ​မ​ခင်​ပွန်း သည်​မိ​မိ​၏​ဇ​နီး​ဟောင်း​ကို​တစ်​ဖန်​ပြန်​၍ မ​သိမ်း​မ​ယူ​အပ်။ ပြန်​၍​သိမ်း​ယူ​ခဲ့​သော်​ထို တိုင်း​ပြည်​သည်​လုံး​ဝ​ညစ်​ညမ်း​၍​သွား​ပေ မည်။ သို့​ရာ​တွင်​အ​ချင်း​ဣ​သ​ရေ​လ၊ သင်​သည် ချစ်​သူ​အ​မြောက်​အ​မြား​ထား​ပြီး​မှ ယ​ခု ငါ့​ထံ​သို့​ပြန်​၍​လာ​လို​သည်​တ​ကား။-

2 တောင်​ထိပ်​တို့​ကို​မျှော်​၍​ကြည့်​ကြ​လော့။ ပြည့် တန်​ဆာ​ကဲ့​သို့ သင်​မ​ပြု​မ​ကျင့်​ဘဲ​နေ​ခဲ့​သည့် အ​ရပ်​တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ အာ​ရပ်​အမျိုး သား​သည်​တော​ကန္တာ​ရ​တွင်​လု​ယက်​တိုက်​ခိုက် ရန်​စောင့်​မျှော်​နေ​သ​ကဲ့​သို့၊ သင်​သည်​လမ်း​နံ ဘေး​တို့​တွင်​ချစ်​သူ​များ​ကို​စောင့်​မျှော်​နေ​ခဲ့ ၏။ သင်​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​မှု​နှင့်​ပြည့် တန်​ဆာ​အ​လုပ်​ဖြင့်​ဤ​ပြည်​ကို​ညစ်​ညမ်း စေ​လေ​ပြီ။-

3 ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​မိုး​ဦး​ကို​ခေါင် စေ​၍ မိုး​နှောင်း​ကို​လည်း​မ​ရွာ​ဘဲ​နေ​စေ​ခြင်း ဖြစ်​၏။ သင်​သည်​ပြည့်​တန်​ဆာ​အ​သွင်​ကို​ဆောင် လျက်​ရှိ​၏။ သင်​၌​အ​ရှက်​အ​ကြောက်​မ​ရှိ တော့​ပေ။

4 ``ယ​ခု​သင်​က​ငါ့​အား`ကိုယ်​တော်​ရှင်​သည် ကျွန် တော်​မျိုး​၏​အ​ဖ​ဖြစ်​တော်​မူ​ပါ​၏။ က​လေး ဘ​ဝ​မှ​စ​၍​ပင်​ကျွန်​တော်​မျိုး​တို့​အား​ချစ် တော်​မူ​ခဲ့​ပါ​၏။-