ယေ​ရ​မိ 30:1-6 BCL

1 ဤ​သည်​ကား​ယေ​ရ​မိ​ထံ​သို့​ထာ​ဝ​ရ​ဘု​ရား မိန့်​ဆို​သော​စ​ကား​ဖြစ်​၏။-

2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က``သင့်​ကို​ငါ​မိန့်​တော်​မူ သ​မျှ​သော​စ​ကား​တို့​ကို​စာ​စောင်​တွင်​ရေး မှတ်​၍​ထား​လော့။-

3 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​ယု​ဒ​အ​မျိုး သား​များ​အား ငါ​ပြန်​လည်​ထူ​ထောင်​ပေး​မည့် အ​ချိန်​ကျ​ရောက်​လာ​တော့​မည်​ဖြစ်​သော​ကြောင့် တည်း။ ငါ​သည်​သူ​တို့​ကို​မိ​မိ​တို့​ဘိုး​ဘေး​များ အား ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​သို့​ပြန်​လည်​ခေါ် ဆောင်​ခဲ့​မည်​ဖြစ်​၍ သူ​တို့​သည်​ထို​ပြည်​ကို​တစ် ဖန်​ပြန်​၍​ပိုင်​ဆိုင်​ရ​ကြ​ပေ​တော့​အံ့။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

4 ဣ​သ​ရေ​လ​ပြည်​သား​များ​နှင့်​ယု​ဒ​ပြည် သား​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ဤ​သို့​မိန့် တော်​မူ​၏။

5 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ထိတ်​လန့်​၍​အော် ဟစ်​သော အ​သံ​ကို​ကြား​ရ​၏။ထို​အ​သံ​သည်​ငြိမ်း​ချမ်း​သာ​ယာ​သည့်​အ​သံ မ​ဟုတ်။ကြောက်​လန့်​၍​အော်​ဟစ်​သည့်​အ​သံ​ဖြစ်​၏။

6 မေး​မြန်း​လျက်​စဉ်း​စား​ကြည့်​ကြ​လော့။အ​မျိုး​သား​သည်​သား​ဖွား​၍​ရ​နိုင်​သ​လော။သို့​ဖြစ်​ပါ​မူ​အ​မျိုး​သား​ပင်​လျှင်​သား​ဖွား ဝေ​ဒ​နာ ခံ​ရ​သည့်​အ​မျိုး​သ​မီး​ကဲ့​သို့၊အ​ဘယ်​ကြောင့်​မိ​မိ​တို့​ဝမ်း​ကို​လက်​ဖြင့်​နှိပ် လျက် နေ​သည်​ကို​ငါ​တွေ့​ရှိ​ရ​သ​နည်း။လူ​တိုင်း​သည်​အ​ဘယ်​ကြောင့်​ဖြူ​ဖတ်​ဖြူ​ရော် ဖြစ်​နေ​ကြ​သ​နည်း။