ယေ​ရ​မိ 30:9-15 BCL

9 မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​၏ အ​မှု​တော်​ကို​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင် အ​ဖြစ်​ငါ​ခန့်​ထား​မည့်​ဒါ​ဝိဒ်​မင်း​ဆက်​၏ အ​မှု​တော်​ကို​လည်း​ကောင်း​ထမ်း​ဆောင်​ရ​ကြ လိမ့်​မည်။

10 ``ငါ​၏​ကျွန်​ယာ​ကုပ်၊မ​ကြောက်​ကြ​နှင့်။ဣ​သ​ရေ​လ​ပြည်​သား​တို့​ထိတ်​လန့်​တုန်​လှုပ်​မှု မ​ဖြစ်​ကြ​နှင့်။သုံ့​ပန်း​များ​အ​ဖြစ်​နှင့်​သင်​တို့​နေ​ရ​ကြ​သော ပြည်၊ထို​ဝေး​လံ​သော​ပြည်​မှ​သင်​တို့​အား ငါ​ကယ်​ဆယ်​မည်။သင်​တို့​သည်​ပြန်​လာ​၍​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် ရ​ကြ​လိမ့်​မည်။သင်​တို့​သည်​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရ​ရှိ​ကြ လိမ့်​မည်။အ​ဘယ်​သူ​မျှ​သူ​တို့​အား​ချောက်​လှန့် ရ​လိမ့်​မည်​မ​ဟုတ်။ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စကား ဖြစ်​၏။

11 ငါ​သည်​ကယ်​တင်​ရန်​သင်​တို့​ထံ​လာ​မည်။သင်​တို့​အား​ငါ​ကွဲ​လွင့်​စေ​ခဲ့​ရာ​နိုင်​ငံ တ​ကာ​တို့​အား ဖျက်​ဆီး​မည်။သို့​ရာ​တွင်​သင်​တို့​ကို​မူ​ဖျက်​ဆီး​မည်​မ​ဟုတ်။ငါ​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ ထား​မည်​မ​ဟုတ်​သော်​လည်းအ​ပြစ်​ဒဏ်​ခတ်​သော​အ​ခါ​၌​မူ​ကား တ​ရား​သ​ဖြင့်​ပြု​မည်။ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

12 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား``သင်​တို့​၏​အ​နာ​များ​သည်​ကျက်​နိုင် တော့​မည်​မ​ဟုတ်။သင်​တို့​၏​ဝေ​ဒ​နာ​များ​သည်​ကု​သ​၍ မ​ပျောက်​နိုင်​တော့​ပေ။

13 သင်​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။သင်​တို့​အ​နာ​များ​အ​တွက်​လည်း​ဆေး တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ​သ​ဖြင့်သင်​တို့​သည်​မိ​မိ​တို့​အ​နာ​ရော​ဂါ​ပျောက် ကင်း​မှု​အ​တွက် မျှော်​လင့်​ရာ​မဲ့​ချေပြီ။

14 သင်​တို့​၏​ချစ်​ခင်​သူ​များ​သည်​သင်​တို့​အား မေ့​ပျောက်​၍ သွား​ကြ​လေ​ကုန်​ပြီ။သူ​တို့​သည်​ဂ​ရု​မ​စိုက်​ကြ​တော့​ပေ။သင်​တို့​အ​ပြစ်​သည်​များ​ပြား​လှ​၍​သင်​တို့ ဒု​စ​ရိုက်​သည် ကြီး​မား​လှ​သ​ဖြင့်ငါ​သည်​ရန်​သူ​သ​ဖွယ်​သင်​တို့​အား​ဒဏ်​ရာ​ရ စေ​ခဲ့​၏။သင်​တို့​ခံ​ရ​သည့်​အ​ပြစ်​ဒဏ်​သည်​ပြင်း​ထန်​၏။

15 သင်​တို့​သည်​မိ​မိ​တို့​၏​မ​ပျောက်​ကင်း​နိုင်​သည့်ဝေ​ဒ​နာ​များ​အ​ကြောင်း​ကို​မ​ညည်း​ညူ​ကြ နှင့်​တော့။သင်​တို့​၏​အ​ပြစ်​သည်​များ​ပြား​လှ​၍​သင်​တို့ ဒု​စ​ရိုက်​သည်​ကြီး​မား​လှ​သ​ဖြင့်၊ငါ​သည်​သင်​တို့​အား​ဤ​သို့​အ​ပြစ်​ဒဏ် ခတ်​ရ​ခြင်း​ဖြစ်​၏။