ယေ​ရ​မိ 31:1-4 BCL

1 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဣ​သ​ရေ​လ​အ​နွယ် ဝင်​အ​ပေါင်း​၏​ဘု​ရား​ဖြစ်​လျက်​သူ​တို့​သည် လည်း ငါ​၏​လူ​မျိုး​တော်​ဖြစ်​လာ​ကြ​မည့်​နေ့ ရက်​ကာ​လ​သည်​ကျ​ရောက်​လာ​လိမ့်​မည်။-

2 ငါ​သည်​တော​ကန္တာ​ရ​၌​အ​သက်​ဘေး​မှ​လွတ် မြောက်​လာ​ကြ​သူ​တို့​အား က​ရု​ဏာ​ပြ​ခဲ့​၏။ ဣသ​ရေ​လ​ပြည်​သား​တို့​သည်​နား​နေ​ခွင့်​ကို တောင့်​တ​ကြ​သော​အ​ခါ၊-

3 ငါ​သည်​သူ​တို့​ထံ​သို့​ရပ်​ဝေး​မှ​ကြွ​ရောက် လာ​ခဲ့​ပေ​သည်။ အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ငါ​သည်​သင်​တို့​ကို​ထာ​ဝ​စဉ်​ချစ်​တော်​မူ သည်​ဖြစ်​၍ မိ​မိ​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် ကို​ဆက်​လက်​၍​ပြ​ခဲ့​၏။-

4 သင်​တို့​အား​တစ်​ဖန်​ငါ​ပြန်​လည်​ထူ​ထောင်​ပေး မည်။ သင်​တို့​သည်​ပတ်​သာ​များ​ကို​တစ်​ဖန်​တီး မှုတ်​၍ ပျော်​ရွှင်​စွာ​က​ခုန်​ရ​ကြ​လိမ့်​မည်။-