ယေ​ရ​မိ 31:3-9 BCL

3 ငါ​သည်​သူ​တို့​ထံ​သို့​ရပ်​ဝေး​မှ​ကြွ​ရောက် လာ​ခဲ့​ပေ​သည်။ အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ငါ​သည်​သင်​တို့​ကို​ထာ​ဝ​စဉ်​ချစ်​တော်​မူ သည်​ဖြစ်​၍ မိ​မိ​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် ကို​ဆက်​လက်​၍​ပြ​ခဲ့​၏။-

4 သင်​တို့​အား​တစ်​ဖန်​ငါ​ပြန်​လည်​ထူ​ထောင်​ပေး မည်။ သင်​တို့​သည်​ပတ်​သာ​များ​ကို​တစ်​ဖန်​တီး မှုတ်​၍ ပျော်​ရွှင်​စွာ​က​ခုန်​ရ​ကြ​လိမ့်​မည်။-

5 ရှ​မာ​ရိ​တောင်​ကုန်း​များ​ပေါ်​တွင်​စပျစ်​ဥ​ယျာဉ် များ​ကို​တစ်​ဖန်​စိုက်​ပျိုး​လျက် ယင်း​သို့​စိုက်​ပျိုး သူ​တို့​သည်​ထို​ဥ​ယျာဉ်​များ​မှ​ထွက်​သည့်​အ​သီး များ​ကို​စား​သုံး​ရ​ကြ​လိမ့်​မည်။-

6 `လာ​ကြ၊ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှိ​တော်​မူ​ရာ​ဇိ​အုန်​တောင်​တော်​သို့ ငါ​တို့​တက်​ကြ​ကုန်​အံ့' ဟု​ဧ​ဖ​ရိမ်​တောင် ကုန်း​များ​မှ​ကင်း​စောင့်​တို့​ကြွေး​ကြော်​ကြ မည့်​နေ့​ရက်​ကာ​လ​သည် အ​မှန်​ပင်​ကျ ရောက်​လာ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

7 ထာ​ဝ​ရ​ဘု​ရား​က၊``လူ​မျိုး​တ​ကာ​တို့​တွင်​အ​ထွတ်​အ​ထိပ် ဖြစ်​သည့်ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ဝမ်း​မြောက် စွာ ကြွေး​ကြော်​ကြ​လော့။`ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကယ်​တင်​တော်​မူ​ပြီ။ဣ​သ​ရေ​လ​အ​မျိုး​မှ​ကြွင်း​ကျန်​သူ​အ​ပေါင်း တို့​အား ကယ်​ဆယ်​တော်​မူ​ပြီ' ဟူ​သောထော​မ​နာ​သီ​ချင်း​ကို​သီ​ဆို​ကြ​လော့။

8 ငါ​သည်​ထို​သူ​တို့​ကို​မြောက်​အ​ရပ်​မှ ခေါ်​ဆောင်​ခဲ့​မည်။ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​များ​မှ​စု​သိမ်း ခဲ့​မည်။သူ​တို့​နှင့်​အ​တူ​မျက်​မ​မြင်​များ၊ခြေ​မ​စွမ်း မ​သန် သူ​များ​သည်​လည်း​ကောင်း၊ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​များ၊သား​ဖွား​ရန်နေ့​စေ့​လ​စေ့​အ​မျိုး​သ​မီး​များ​သည်​လည်း ကောင်း လိုက်​ပါ​လာ​ကြ​လိမ့်​မည်။သူ​တို့​သည်​လူ​မျိုး​ကြီး​အ​ဖြစ်​ဖြင့် ပြန်​လာ​ကြ​လိမ့်​မည်။

9 သူ​တို့​အား​ငါ​ပြန်​လည်​ခေါ်​ဆောင်​လာ​စဉ်ငါ​၏​လူ​မျိုး​တော်​သည်​ငို​ကြွေး​လျက်​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​ပြန်​လာ​ကြ​လိမ့်​မည်။ငါ​သည်​သူ​တို့​အား​စမ်း​ရေ​ရှိ​ရာ​အ​ရပ်​များ သို့​လည်း​ကောင်း၊သူ​တို့​ခြေ​ချော်​၍​မ​လဲ​စေ​ရန်လမ်း​ကောင်း​များ​ဖြင့်​လည်း​ကောင်း​ခေါ်​ဆောင်​မည်။ငါ​သည်​ဣ​သ​ရေ​လ​လူ​မျိုး​၏​အ​ဘ​သ​ဖွယ် ဖြစ်​၍ ဧ​ဖ​ရိမ်​အ​နွယ်​သည်​ငါ​၏​သား​ဦး​ဖြစ်​၏။''