ယေ​ရ​မိ 31:33-39 BCL

33 သူ​တို့​နှင့်​ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​သစ်​ကား​ဤ သို့​တည်း။ ငါ​သည်​မိ​မိ​၏​တ​ရား​တော်​ကို​သူ တို့​၏​စိတ်​အ​တွင်း​သို့​သွတ်​သွင်း​ပေး​မည်။ သူ တို့​၏​နှ​လုံး​သား​ပေါ်​တွင်​ရေး​မှတ်​၍​ထား မည်။ ငါ​သည်​သူ​တို့​၏​ဘု​ရား​ဖြစ်​လျက်​သူ တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​ကြ​လိမ့်​မည်။-

34 ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ရန်​အ​ဘယ်​သူ​မျှ မိ​မိ​တို့​မြို့​သူ​မြို့​သား​အ​ချင်း​ချင်း​ကို လည်း​ကောင်း၊ ပြည်​သူ​အ​ချင်း​ချင်း​ကို​လည်း ကောင်း​သွန်​သင်​ပေး​ရန်​လို​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​ငယ်​ဆုံး​သူ​မှ အ​ကြီး​မြတ်​ဆုံး​သူ​အ​ထိ​ငါ့​ကို​သိ ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​မည်။ သူ​တို့​ပြု​ခဲ့​သည့်​ဒု​စ​ရိုက် များ​ကို​လည်း​အ​မှတ်​ရ​တော့​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

35 ထာ​ဝ​ရ​ဘု​ရား​သည်​နေ့​အ​ခါ​အ​လင်း​ရောင် ပေး​ရန် နေ​ကို​လည်း​ကောင်း၊ညဥ့်​အ​ခါ​ထွန်း​လင်း​စေ​ရန်​လ​နှင့်​ကြယ်​များ ကို​လည်း​ကောင်း​စီ​ရင်​တော်​မူ​၏။ကိုယ်​တော်​သည်​ပင်​လယ်​ကို​မွှေ​နှောက်​၍​လှိုင်း များ​ကို မြည်​ဟည်း​စေ​တော်​မူ​၏။ကိုယ်​တော်​၏​နာ​မ​တော်​ကား​အ​နန္တ​တန်​ခိုး ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ​၍​ဖြစ်​သ​တည်း။

36 ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​အားသ​ဘာ​ဝ​ဋ္ဌမ္မ​တည်​ရှိ​သ​ရွေ့​ကာ​လ​ပတ် လုံး တည်​စေ​ရန်​က​တိ​ပြု​တော်​မူ​၏။

37 လူ​တို့​သည်​မိုး​ကောင်း​ကင်​ကို​တိုင်း​တာ​နိုင်​၍ကမ္ဘာ​မြေ​ကြီး​၏​အုတ်​မြစ်​ကို​ရှာ​ဖွေ​ကြည့်​ရှု နိုင်​သည့်​အ​ခါ​ကျ​ရောက်​မှ​သာ​လျှင်၊ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​ပြည်​သား​တို့ အားသူ​တို့​ပြု​ခဲ့​သည့်​အ​ပြစ်​အ​ပေါင်း​အ​တွက် ကြောင့် ပစ်​ပယ်​တော်​မူ​လတ္တံ့။ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။

38 ထာ​ဝ​ရ​ဘု​ရား​က``မြို့​တော်​တစ်​ခု​လုံး​ကို ဟာ​န​နေ​လ​ရဲ​တိုက်​မှ မြို့​ထောင့်​တံ​ခါး​တိုင် အောင်​ပြန်​လည်​တည်​ဆောက်​ရ​မည့်​အ​ချိန် ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။-

39 နယ်​နိ​မိတ်​သတ်​မှတ်​သည့်​မျဉ်း​သည်​ထို​အ​ရပ်​မှ အ​စ​ပြု​၍ အ​နောက်​ဘက်​ဂါ​ရက်​တောင်​ကုန်း​သို့ တိုင်​အောင်​ရောက်​ရှိ​လျက်​ဂေါ​သ​တောင်​ကို​ဝိုင်း မိ​လိမ့်​မည်။-