ယေ​ရ​မိ 32:5-12 BCL

5 ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​ခြင်း ကို​ခံ​ရ​၍ သူ့​အား​ငါ​မ​စီ​ရင်​မ​ချင်း​ထို​မြို့ တွင်​နေ​ရ​လိမ့်​မည်။ သူ​သည်​ဗာ​ဗု​လုန်​အ​မျိုး သား​တို့​အား​ပြန်​လှန်​၍​ပင်​တိုက်​ခိုက်​စေ​ကာ မူ​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏ ဟု​မိန့်​တော်​မူ​ကြောင်း​အ​ဘယ့်​ကြောင့်​ဟော ပြော​ကြေ​ညာ​ရ​သ​နည်း'' ဟု​ပြစ်​တင် စွပ်​စွဲ​၏။

6-7 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား``သင်​၏​ဦး​ရီး ရှလ္လုံ​၏​သား​ဟာ​န​မေ​လ​သည်​အာ​န​သုတ် တွင်​ရှိ​သည့် မိ​မိ​၏​လယ်​မြေ​ကို​ဝယ်​ယူ​ရန် သင့်​အား​ပြော​ကြား​လာ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​သင်​သည်​သူ​နှင့်​အ​နီး​ဆုံး ဆွေ​မျိုး​တော်​စပ်​သ​ဖြင့် ထို​မြေ​ကွက်​ကို ဝယ်​ယူ​ပိုင်​ခွင့်​ရှိ​သူ​ဖြစ်​သော​ကြောင့်​တည်း'' ဟု​မိန့်​တော်​မူ​၏။-

8 ထို​နောက်​ထာ​ဝ​ရ​ဘုရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ပင်​လျှင် ငါ့​ညီ​ဟာ​န​မေ​လ​သည်​ငါ​ရှိ​ရာ​အ​ချုပ် ထောင်​ဝင်း​အ​တွင်း​သို့​လာ​၍``ဗင်္ယာ​မိန်​နယ်​မြေ တွင်း​ရှိ​ဒေ​သ​တွင်​ရှိ​သည့်​အ​ကျွန်ုပ်​၏​လယ် မြေ​ကို​ဝယ်​ယူ​ပါ။ သင်​သည်​အ​ကျွန်ုပ်​နှင့်​အ​နီး ဆုံး​ဆွေ​မျိုး​တော်​စပ်​သ​ဖြင့် ထို​မြေ​ကို​ဝယ်​ယူ သိမ်း​ပိုက်​နိုင်​ခွင့်​ရှိ​ပါ​သည်'' ဟု​ဆို​၏။ ထို​အ​ခါ ငါ​သည်​ဤ​အ​မှု​ကို​ပြု​ရန်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​ထား​တော်​မူ​သည်​ကို​သိ​သ​ဖြင့်၊-

9 ဟာ​န​မေ​လ​ထံ​မှ​လယ်​ကို​ဝယ်​ယူ​ကာ​သူ့ အား​ငွေ​ကို​ချိန်​တွယ်​၍​ပေး​၏။ လယ်​ဖိုး​ငွေ သား​မှာ​တစ်​ဆယ့်​ခု​နစ်​ခု​ဖြစ်​သ​တည်း။-

10 ငါ​သည်​အ​သိ​သက်​သေ​များ​၏​ရှေ့​တွင်​စာ​ချုပ် ကို​လက်​မှတ်​ရေး​ထိုး​ကာ ချိပ်​တံ​ဆိပ်​ခတ်​နှိပ် ပြီး​လျှင်​ငွေ​ကို​ချိန်​ခွင်​ဖြင့်​ချိန်​တွယ်​၍ ပေး​၏။-

11 ထို​နောက်​ငါ​သည်​နှစ်​ဦး​နှစ်​ဝ​သ​ဘော​တူ​ညီ ချက်​နှင့်​စည်း​ကမ်း​သတ်​မှတ်​ချက်​များ​ပါ​ရှိ သည့် ချိပ်​တံ​ဆိပ်​နှိပ်​ထား​သော​စာ​ချုပ်​တစ် စောင်​နှင့်​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​မ​ထား​သည့် စာ​ချုပ်​လက်​ခံ​တစ်​စောင်​ကို​ယူ​၍၊-

12 မာ​သေ​ယ​၏​မြေး၊ နေ​ရိ​၏​သား​ဗာ​ရုတ်​၏ လက်​သို့​ပေး​အပ်​လိုက်​လေ​သည်။ ထို​စာ​ချုပ် များ​ကို​ငါ​သည်​သူ့​အား​ယာ​န​မေ​လ​၏ ရှေ့​၌​လည်း​ကောင်း၊ အ​ရောင်း​အ​ဝယ်​ပြု​ရာ တွင်​အ​သိ​သက်​သေ​များ​အ​ဖြစ်​လက်​မှတ် ရေး​ထိုး​ခဲ့​သူ​များ​၏​ရှေ့​၌​လည်း​ကောင်း၊ အ​ချုပ်​ထောင်​ဝင်း​အ​တွင်း​တွင်​ထိုင်​လျက် နေ​ကြ​သော​ဟေ​ဗြဲ​အ​မျိုး​သား​၏​ရှေ့​၌ လည်း​ကောင်း​ပေး​အပ်​ခြင်း​ဖြစ်​သ​တည်း။-