1 ငါသည်ထောင်ဝင်းအတွင်းတွင်အချုပ်ခံရ လျက်ပင်ရှိနေသေးချိန်၌ ထာဝရဘုရား သည်ငါ့အားတစ်ဖန်ဗျာဒိတ်ပေးတော်မူ ပြန်၏။-
2 ကမ္ဘာမြေကြီးကိုပုံသွင်းဖန်ဆင်း၍နေ သားတကျတည်ရှိစေတော်မူသောထာဝရ ဘုရားသည် ငါ့အားဗျာဒိတ်ပေးတော်မူ၏။ ထာဝရဘုရားက၊-
3 ``ငါ့ကိုဟစ်ခေါ်လော့။ ငါထူးမည်။ စိုးစဉ်းမျှ သင်မသိနားမလည်သည့်ထူးဆန်းအံ့သြ ဖွယ်ကောင်းသောအမှုအရာများကိုသင့် အားငါဖော်ပြမည်။-
4 ယေရုရှလင်မြို့ရှိအိမ်များနှင့်ယုဒဘုရင် ၏နန်းတော်သည် ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခံ ရသဖြင့်ပြိုပျက်ရလိမ့်မည်ဖြစ်ကြောင်း ဣသရေလအမျိုးသားတို့၏ဘုရားသခင်ငါထာဝရဘုရားမိန့်တော်မူ၏။-
5 ဗာဗုလုန်အမျိုးသားတို့အားလူအချို့ သည်တိုက်ခိုက်ကြလိမ့်မည်။ ငါအမျက် ဒေါသထွက်၍ကွပ်မျက်မည့်လူတို့၏ အလောင်းများဖြင့် သူတို့သည်ဤမြို့ကို ပြည့်နှက်နေစေကြလိမ့်မည်။ မြို့သူမြို့ သားတို့ပြုကျင့်ခဲ့သည့်ဒုစရိုက်များ ကြောင့်ငါသည်ဤမြို့ကိုမျက်နှာလွှဲ တော်မူပြီ။-