ယေ​ရ​မိ 33:18-26 BCL

18 ငါ​၏​ရှေ့​မှောက်​တွင်​ရပ်​လျက်​မီး​ရှို့​ရာ​ပူ​ဇော် သကာ​များ​ကို​ဆက်​သ​၍ ယဇ်​များ​ကို​ပူ​ဇော် ရန်​အ​ဘယ်​အ​ခါ​၌​မျှ​လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော​ဟိတ်​မျိုး​မ​ပြတ်​စေ​ရန်​လည်း ကောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​က​တိ​ပြု​၏'' ဟု မိန့်​တော်​မူ​၏။

19-20 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား``နေ့​နှင့်​ညဥ့်​တို့ သည်​မိ​မိ​တို့​အ​ချိန်​ကျ​လျှင်​ရောက်​ရှိ​လာ စေ​ရန်​နေ့​၌​ငါ​ပြု​သည့်​ပ​ဋိ​ညာဉ်၊ ညဥ့်​၌ ငါ​ပြု​သည့်​ပ​ဋိ​ညာဉ်​ကို​ဖောက်​ဖျက်​၍ မ​ရ​နိုင်။-

21 ထို​နည်း​တူ​စွာ​ဒါ​ဝိဒ်​မင်း​မျိုး​ရိုး​မ​ပြတ်​စေ ရန်​နှင့် ငါ​၏​အ​မှု​တော်​ဆောင်​လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​မျိုး​မ​ပြတ်​စေ​ရန် ငါ့ အ​စေ​ခံ​ဒါ​ဝိဒ်​နှင့်​ငါ​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ် ကို​လည်း​ဖောက်​ဖျက်​၍​မ​ရ​နိုင်။-

22 ငါ​သည်​မိုး​ကောင်း​ကင်​ကြယ်​တာ​ရာ​များ​နှင့် ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​များ​ကဲ့​သို့​ရေ​တွက် ၍​မ​ရ​နိုင်​အောင် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏​သား မြေး​များ​နှင့်​ငါ​၏​အ​မှု​တော်​ဆောင်​လေ​ဝိ အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ရေ အ​တွက်​ကို​တိုး​ပွား​များ​ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

23-24 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား``ငါ​သည်​မိ​မိ ရွေး​ချယ်​ထား​သည့်​ဣ​သ​ရေ​လ​အိမ်​ထောင်​စု နှင့် ယု​ဒ​အိမ်​ထောင်​စု​ကို​ပစ်​ပယ်​တော်​မူ​ပြီ​ဟု လူ​တို့​ပြော​ဆို​နေ​ကြ​သည်​ကို​သင်​သ​တိ​ပြု မိ​ပါ​၏​လော။ သူ​တို့​သည်​ဤ​သို့​လျှင် ငါ​၏ လူ​မျိုး​တော်​အား​မ​ထီ​မဲ့​မြင်​ပြု​၍​လူ​မျိုး တစ်​ရပ်​အ​နေ​ဖြင့်​ပင်​မ​မှတ်​မ​ယူ​ကြ​တော့ ပေ။-

25 သို့​ရာ​တွင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​နေ့​နှင့် ညဥ့်​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​ကာ ကမ္ဘာ​မိုး​မြေ​ကို ထိန်း​ချုပ်​ရန်​အ​တွက်​ဋ္ဌမ္မ​တာ​တ​ရား​ကို ဖန်​တီး​၍​ထား​၏။-

26 ဤ​သို့​ငါ​ပြု​ခဲ့​သည်​မှာ​သေ​ချာ​သ​ကဲ့​သို့ ယာ​ကုပ်​၏​သား​မြေး​များ​နှင့်​လည်း​ကောင်း၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​နှင့်​လည်း​ကောင်း​ထား ရှိ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရန်​သေ ချာ​၏။ ငါ​သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့်​ယာ​ကုပ် တို့​၏​သား​မြေး​များ​ကို​အုပ်​စိုး​ရန်​အ​တွက် ဒါ​ဝိဒ်​၏​အ​မျိုး​အ​နွယ်​တစ်​ဦး​ကို​ရွေး ကောက်​မည်။ ငါ​၏​လူ​မျိုး​တော်​အား​တစ်​ဖန် ပြန်​၍​ကောင်း​စား​စေ​မည်။ ငါ​သည်​သူ​တို့ ၏​အ​ပေါ်​၌​က​ရု​ဏာ​ထား​မည်'' ဟု မိန့်​တော်​မူ​၏။