1 ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှင့် တပ်မ တော်သည်လက်အောက်ခံနိုင်ငံရှိသမျှနှင့် လူမျိုးအပေါင်းတို့၏စစ်တပ်များအကူ အညီဖြင့် ယေရုရှလင်မြို့နှင့်တကွအနီး အနားရှိမြို့ရွာများကိုတိုက်ခိုက်လျက်နေ စဉ် ထာဝရဘုရားသည်ငါ့အားဗျာဒိတ် ပေးတော်မူ၏။-
2 ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ငါ့အားသင်သည်ယုဒ ဘုရင်ဇေဒကိထံသို့သွား၍သူ့အားဗျာ ဒိတ်တော်ပြန်ကြားရမည်မှာ``ငါထာဝရ ဘုရားသည်ဤမြို့ကိုဗာဗုလုန်ဘုရင်အား ပေးအပ်မည်။ သူသည်ဤမြို့ကိုမီးရှို့လိမ့်မည်။-
3 သင်သည်သူ၏ဘေးမှလွတ်မြောက်ရလိမ့် မည်မဟုတ်။ အဖမ်းခံရကာသူ၏လက်တွင်း သို့သက်ဆင်းရလိမ့်မည်။ သင်သည်သူနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံပြောဆိုပြီးလျှင် ဗာဗုလုန်မြို့သို့လိုက်ပါသွားရလိမ့်မည်။-
4 အို ဇေဒကိမင်း၊ သင့်ကိုရည်မှတ်၍ ငါမိန့် မှာသည့်စကားကိုနားထောင်လော့။ သင် သည်စစ်ပွဲတွင်ကျဆုံးရလိမ့်မည်မဟုတ်။-