ယေ​ရ​မိ 36:1-6 BCL

1 ယော​ရှိ​၏​သား​ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ စ​တုတ္ထ​နှစ်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-

2 ``သင်​သည်​စာ​လိပ်​တစ်​ခု​ကို​ယူ​၍​ဣသ​ရေ​လ ပြည်၊ ယု​ဒ​ပြည်​နှင့်​နိုင်​ငံ​တ​ကာ​တို့​ကို​ရည်​မှတ် ၍ ငါ​မိန့်​မှာ​တော်​မူ​ခဲ့​သ​မျှ​သော​စ​ကား​တို့ ကို​ရေး​မှတ်​လော့။ ယော​ရှိ​မင်း​လက်​ထက်​၌​ငါ ၏​ဗျာ​ဒိတ်​တော်​ကို​စ​တင်​ခံ​ယူ​ရ​ချိန်​မှ အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​သင့်​အား​ငါ​မိန့် ကြား​ခဲ့​သ​မျှ​သော​စ​ကား​တို့​ကို​ရေး​မှတ် လော့။-

3 ယု​ဒ​ပြည်​သား​များ​သည်​မိ​မိ​တို့​အ​တွက် ငါ ရည်​မှန်း​ထား​သည့်​ဘေး​အန္တ​ရာယ်​ဆိုး​၏​အ ကြောင်း​ကို​ကြား​သိ​ရ​ပါ​မူ မိ​မိ​တို့​၏​အ​ကျင့် ဆိုး​များ​ကို​စွန့်​ပစ်​ကောင်း​စွန့်​ပစ်​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​သူ​တို့​ပြု​ကျင့်​သည့်​မ ကောင်း​မှု​ဒု​စ​ရိုက်​များ​အ​တွက်​အ​ပြစ် ဖြေ​လွှတ်​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။

4 သို့​ဖြစ်​၍​ငါ​သည်​နေ​ရိ​၏​သား​ဗာ​ရုတ်​ကို ခေါ်​ပြီး​လျှင် မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့် ကြား​ခဲ့​သ​မျှ​သော​စကား​တို့​ကို​ရေး​မှတ် ရန်​နှုတ်​တိုက်​ချ​ပေး​လေ​သည်။ ဗာ​ရုတ်​သည် လည်း​စာ​လိပ်​တစ်​ခု​တွင်​ရေး​မှတ်​၍​ထား​၏။-

5 ထို​နောက်​ငါ​သည်​ဗာ​ရုတ်​အား``ငါ​သည်​ဗိ​မာန် တော်​သို့​ဝင်​ခွင့်​မ​ရ​ပါ။-

6 သို့​ရာ​တွင်​နောက်​တစ်​ကြိမ်​လူ​တို့​အ​စာ​ရှောင် ကြ​သော​အ​ခါ​၌ ငါ​သည်​သင့်​အား​ဗိ​မာန် တော်​သို့​သွား​စေ​လို​သည်။ ငါ့​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​ကြား​သ​ဖြင့်​သင့်​အား​ငါ​နှုတ် တိုက်​ချ​ပေး​ခဲ့​သ​မျှ​သော​စ​ကား​များ​ကို လူ​တို့​ကြား​သိ​ကြ​စေ​ရန်​သင်​သည်​ထို​စာ လိပ်​ကို​ကျယ်​စွာ​ဖတ်​ပြ​ရ​မည်။ မိ​မိ​တို့​မြို့ ရွာ​များ​မှ​ရောက်​ရှိ​လာ​ကြ​သော​ယု​ဒ​ပြည် သား​အ​ပါ​အ​ဝင်​ရှိ​ရှိ​သ​မျှ​သော​လူ​တို့ ကြား​သိ​ကြ​စေ​ရန်​သင်​သည်​ဤ​စာ​လိပ် ကို​ဖတ်​ပြ​လော့။-