ယေ​ရ​မိ 36:16-22 BCL

16 ဖတ်​၍​ပြီး​ဆုံး​သွား​သော​အ​ခါ​မှူး​မတ်​တို့​သည် ထိတ်​လန့်​သည့်​အ​မှု​အ​ရာ​ဖြင့်​အ​ချင်း​ချင်း ကြည့်​ကာ``ဤ​အ​မှု​ကို​မင်း​ကြီး​အား​ငါ​တို့ သံ​တော်​ဦး​တင်​ရ​ပါ​မည်'' ဟု​ဗာ​ရုတ်​အား ပြော​ကြာ​ပြီး​လျှင်၊-

17 ``သင်​သည်​အ​ဘယ်​သို့​လျှင်​ဤ​စ​ကား​အ​လုံး စုံ​ကို​ရ​ရှိ​ရေး​မှတ်​ခဲ့​ပါ​သ​နည်း။ ယင်း​တို့ ကို​သင့်​အား​ယေ​ရ​မိ​နှုတ်​တိုက်​ချ​ပေး​ပါ သ​လော'' ဟု​မေး​မြန်း​ကြ​၏။

18 ဗာ​ရုတ်​သည်​လည်း၊``ဤ​စ​ကား​အ​လုံး​စုံ​ကို ယေ​ရ​မိ​က​နှုတ်​တိုက်​ချ​ပေး​၍ အ​ကျွန်ုပ်​က မင်​နှင့်​စာ​လိပ်​ပေါ်​တွင်​ရေး​ချ​ပါ​သည်'' ဟု ပြန်​လည်​ဖြေ​ကြား​၏။

19 ထို​အ​ခါ​မှူး​မတ်​များ​က``သင်​နှင့်​ယေ​ရ​မိ သည်​ထွက်​ပြေး​ပုန်း​ရှောင်​နေ​ရ​ကြ​ပေ​မည်။ သင်​တို့​ရှိ​ရာ​ကို​အ​ဘယ်​သူ​မျှ​မ​သိ​စေ နှင့်'' ဟု​ဗာ​ရုတ်​အား​ပြော​ကြား​ကြ​၏။

20 မှူး​မတ်​တို့​သည်​စာ​လိပ်​ကို​ဘု​ရင့်​အ​တိုင် ပင်​ခံ​အ​မတ်​ဧ​လိ​ရှ​မာ​၏​အ​ခန်း​တွင်​ထား ခဲ့​၍ နန်း​တော်​သို့​သွား​ရောက်​ကာ​မင်း​ကြီး အား​ဖြစ်​ပျက်​သ​မျှ​အ​ကြောင်း​စုံ​ကို​သံ တော်​ဦး​တင်​ကြ​၏။-

21 ထို​အ​ခါ​မင်း​ကြီး​သည်​ယေ​ဟု​ဒိ​အား​စေ လွှတ်​၍​စာ​လိပ်​ကို​အ​ယူ​ခိုင်း​လေ​သည်။ ယေ​ဟု ဒိ​သည်​လည်း​ဧ​လိ​ရှ​မာ​၏​အ​ခန်း​မှ​ထို​စာ လိပ်​ကို​ယူ​ပြီး​လျှင် မင်း​ကြီး​နှင့်​တ​ကွ​မင်း ကြီး​၏​ပတ်​လည်​တွင်​ရပ်​လျက်​နေ​သည့် မှူး​မတ်​များ​၏​ရှေ့​တွင်​ဖတ်​ပြ​၏။-

22 ထို​ကာ​လ​သည်​ဆောင်း​အ​ခါ​ဖြစ်​၍​မင်း ကြီး​သည် မိ​မိ​၏​ဆောင်း​ရာ​သီ​စံ​နန်း အ​တွင်း​မီး​အိုး​ကင်း​ရှေ့​တွင်​ထိုင်​လျက်​နေ​၏။-