ယေ​ရ​မိ 36:28-32 BCL

28 ``သင်​သည်​အ​ခြား​စာ​လိပ်​တစ်​ခု​ကို​ယူ​၍ ယော​ယ​ကိမ်​မင်း​မီး​ရှို့​လိုက်​သည့်​စာ​လိပ်​တွင် ပါ​ရှိ​သ​မျှ​သော​စ​ကား​တို့​ကို​ရေး​မှတ်​၍ ထား​လော့။-

29 ယော​ယ​ကိမ်​မင်း​အား​လည်း​ထာ​ဝ​ရ​ဘု​ရား က``သင်​သည်​စာ​လိပ်​ကို​မီး​ရှို့​ပစ်​ပြီး​လျှင် ယေ​ရ​မိ​အား​ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဤ​ပြည် သို့​လာ​ရောက်​၍​လူ​များ၊ တိ​ရစ္ဆာန်​များ​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​လိမ့်​မည်​ဟု​အ​ဘယ်​ကြောင့် ဟော​ပြော​ရ​ပါ​သ​နည်း​ဟု​မေး​မြန်း​ခဲ့​ပေ သည်။-

30 သို့​ဖြစ်​၍​သင်​၏​သား​မြေး​များ​သည်​အ​ဘယ် အ​ခါ​၌​မျှ ဒါ​ဝိဒ်​မင်း​၏​ရာ​ဇ​ပလ္လင်​၌ မင်း​အ​ဖြစ်​ကို​ရ​ရှိ​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​၏။ သင်​၏​အ​လောင်း ကို​လည်း​နေ့​အ​ခါ​နေ​ပူ​၍​ညဥ့်​အ​ခါ ဆီး နှင်း​ထိ​ရာ​အ​ရပ်​တွင်​ပစ်​ထုတ်​ထား​ကြ လိမ့်​မည်။-

31 သင်​တို့​ကူး​လွန်​ခဲ့​ကြ​သည့်​အ​ပြစ်​များ အ​တွက် ငါ​သည်​သင်​နှင့်​သင်​၏​သား​မြေး​တို့ အား​သင့်​မှူး​မတ်​များ​နှင့်​အ​တူ​အ​ပြစ်​ဒဏ် ခတ်​မည်။ သင်​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​များ၊ ယု​ဒ​ပြည်​သား​များ​သည်​ငါ သ​တိ​ပေး​ခဲ့​သည်​ကို​ပ​မာ​ဏ​မ​ပြု​ကြ။ သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​ခြိမ်း​ခြောက်​ခဲ့​သည့် ဘေး​အန္တ​ရာယ်​ဆိုး​ကို သင်​တို့​အ​ပေါ်​သို့ သက်​ရောက်​စေ​မည်​ဟု​မိန့်​တော်​မူ​ကြောင်း ပြန်​ကြား​ပြော​ဆို​လော့'' ဟု​မိန့်​မှာ တော်​မူ​၏။

32 ထို​အ​ခါ​ယေ​ရ​မိ​သည်​အ​ခြား​စာ​လိပ်​တစ် ခု​ကို​ယူ​၍​မိ​မိ​၏​စာ​ရေး​ဗာ​ရုတ်​အား​ပေး​၏။ ဗာ​ရုတ်​သည်​ယော​ယ​ကိမ်​မင်း​မီး​ရှို့​လိုက်​သည့် စာ​လိပ်​တွင်​ပါ​ရှိ​သ​မျှ​သော​စ​ကား​တို့​ကို ငါ​နှုတ်​တိုက်​ချ​ပေး​သည့်​အ​တိုင်း​ရေး​ချ​လေ သည်။ ငါ​နှုတ်​တိုက်​ချ​ပေး​သည့်​အ​လား​တူ စ​ကား​များ​ကို​ထပ်​လောင်း​ဖြည့်​စွက်​၍ ပေး​လေ​သည်။