ယေ​ရ​မိ 4:23-29 BCL

23 ငါ​သည်၊ကမ္ဘာ​မြေ​ကြီး​ကို​ကြည့်​လိုက်​သော အ​ခါ ယင်း​သည်​ပုံ​သဏ္ဌာန်​ကင်း​မဲ့​လျက်​နေ​၏။မိုး​ကောင်း​ကင်​ကို​ကြည့်​သော​အ​ခါ​၌​လည်း အ​လင်း​ရောင်​မ​တွေ့​ရ။

24 ငါ​သည်​တောင်​များ​ကို​ကြည့်​ပြန်​သော်တောင်​ကြီး​တောင်​ငယ်​တို့​သည်​တုန်​လှုပ်​လျက် နေ​ကြ​၏။

25 ငါ​သည်​လူ​တစ်​ဦး​တစ်​ယောက်​ကို​မျှ​မ​တွေ့ မ​မြင်။ငှက်​အ​ပေါင်း​တို့​သည်​ပင်​လျှင်​ပျံ​ပြေး​ကြ လေ​ကုန်​ပြီ။

26 ထာ​ဝ​ရ​ဘု​ရား​၏​ပြင်း​ထန်​သော​အ​မျက် တော် အ​ရှိန်​ကြောင့်မြေ​သြ​ဇာ​ကောင်း​သော​ပြည်​သည်​သဲ​ကန္တာ​ရ ဖြစ်​လျက်၊ မြို့​များ​သည်​လည်း​ယို​ယွင်း​ပျက်​စီး​၍​နေ​လေ​ပြီ။

27 (ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​သည် တော​က​န္တာ​ရ အ​ဖြစ်​သို့​ရောက်​ရှိ​ရ​လိမ့်​မည်​ဖြစ်​သော်​လည်း အ​ကုန်​အ​စင်​ပျက်​ပြုန်း​သွား​ရ​လိမ့်​မည်​မ ဟုတ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​မိန့်​ကြား​ထား တော်​မူ​၏။)

28 ကမ္ဘာ​မြေ​ကြီး​သည်​ဝမ်း​နည်း​ပူ​ဆွေး​လျက်​နေ လိမ့်​မည်။ မိုး​ကောင်း​ကင်​သည်​လည်း​မှောင်​မဲ​၍​လာ​လိမ့် မည်။ထာ​ဝ​ရ​ဘု​ရား​သည်​မိန့်​မြွက်​တော်​မူ​ပြီး​နောက် မိ​မိ​၏​စိတ်​ကို​ပြောင်း​လဲ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။စိတ်​ပိုင်း​ဖြတ်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် နောက်​ဆုတ်​တော်​မူ​လိမ့်​မည်​မဟုတ်။

29 မြင်း​စီး​သူ​ရဲ​များ​နှင့်​လေး​သ​မား​တို့​၏ အ​သံ​ကို ကြား​သော​အ​ခါလူ​အ​ပေါင်း​တို့​သည်​ထွက်​ပြေး​ကြ​လိမ့်​မည်။အ​ချို့​သော​သူ​တို့​သည်​သစ်​တော​ထဲ​သို့​လည်း ကောင်း၊အ​ချို့​တို့​သည်​ကျောက်​ဆောင်​များ​ပေါ် သို့​လည်း​ကောင်း၊ထွက်​ပြေး​ကြ​လိမ့်​မည်။မြို့​အ​ပေါင်း​တို့​သည်​အ​ထီး​တည်း​ကျန် ရစ်​လျက် လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​၍​နေ​လိမ့်​မည်။