1 ထိုနောက်ကာရာ၏သားယောဟနန်နှင့် ဟောရှဲ၏သားအာဇရိတို့အပါအဝင် တပ်မှူးအပေါင်းတို့သည် အတန်းအစား အမျိုးမျိုးပါဝင်သည့်လူတို့နှင့်အတူ လာရောက်ကြပြီးလျှင်၊-
2 ငါ့အား``အကျွန်ုပ်တို့ပန်ကြားသည့်အမှု ကိုပြုပါလော့။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့အကျွန်ုပ်တို့ အဖို့ဆုတောင်းပတ္ထနာပြုပါလော့။ ကျန်ရှိ နေသမျှသောအကျွန်ုပ်တို့အတွက်ဆု တောင်းပတ္ထနာပြုပါလော့။ အခါတစ်ပါး ကအကျွန်ုပ်တို့သည်အရေအတွက်အား ဖြင့်များပါ၏။ သို့ရာတွင်ယခုအခါ၌ အရှင်သိရှိသည့်အတိုင်းအကျွန်ုပ်တို့ တွင်လူအနည်းငယ်သာကျန်ရှိပါတော့ သည်။-
3 အကျွန်ုပ်တို့အဘယ်လမ်းစဉ်ကိုလိုက်၍ အဘယ်အမှုတို့ကိုပြုသင့်ကြောင်းလမ်းပြ တော်မူရန် အကျွန်ုပ်တို့ဘုရားသခင်ထာဝရ ဘုရားအားဆုတောင်းပတ္ထနာပြုပါ'' ဟု ပန်ကြားကြ၏။-
4 ငါကလည်း``ကောင်းလှပြီ။ သင်တို့တောင်းပန်သည့် အတိုင်းငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့ငါဆုတောင်းပတ္ထနာပြုမည်။ ထို နောက်ကိုယ်တော်မိန့်တော်မူသမျှတို့ကိုသင် တို့အားငါပြောပြမည်။ အဘယ်အရာကို မျှသင်တို့ထံမှထိမ်ဝှက်၍ထားမည်မဟုတ်'' ဟုဆို၏။
5 ထိုအခါသူတို့သည်ငါ့အား``အကယ်၍ အကျွန်ုပ်တို့သည်အရှင့်အားဖြင့်ဘုရားသခင်ထာဝရဘုရားပေးတော်မူသော အမိန့်တော်တို့ကိုမလိုက်နာခဲ့သော် ထာဝရ ဘုရားသည်အကျွန်ုပ်တို့တစ်ဘက်၌သစ္စာ စောင့်၍ဟုတ်မှန်သောသက်သေဖြစ်တော် မူပါစေသော်။-