ယေ​ရ​မိ 43:1-7 BCL

1 ငါ​သည်​လူ​တို့​ကို​ပြော​ကြား​ရန်​သူ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား စေ​လွှတ်​မှာ ကြား​တော်​မူ​သ​မျှ​သော​စ​ကား​တို့​ကို ဆင့်​ဆို​ပြီး​သော​အ​ခါ၊-

2 ဟော​ရှဲ​၏​သား​အာ​ဇ​ရိ၊ ကာ​ရာ​၏​သား ယော​ဟ​နန်​နှင့်​အ​ခြား​မောက်​မာ​ထောင်​လွှား သူ​လူ​အ​ပေါင်း​တို့​သည် ငါ့​အား``သင်​သည်​မု သား​စ​ကား​ကို​ပြော​၏။ ငါ​တို့​ဘု​ရား​သ​ခင် သည်​ငါ​တို့​အား​အီ​ဂျစ်​ပြည်​သို့​သွား​ရောက် နေ​ထိုင်​မှု​မ​ပြု​ရ​ဟု​ပြော​ကြား​ရန် သင့်​ကို စေ​လွှတ်​တော်​မူ​ခဲ့​သည်​မ​ဟုတ်။-

3 နေ​ရိ​၏​သား​ဗာ​ရုတ်​သည်​ငါ​တို့​အား​ဗာ​ဗု လုန်​အ​မျိုး​သား​တို့​သတ်​ဖြတ်​နိုင်​ကြ​စေ​ရန် သော်​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင် သွား​နိုင်​ကြ​စေ​ရန်​သော်​လည်း​ကောင်း သူ​တို့ လက်​သို့​ငါ​တို့​အား​ပေး​အပ်​ရန်​သင့်​ကို လှုံ့​ဆော်​ထား​လေ​ပြီ'' ဟု​ပြော​ဆို​ကြ​၏။-

4 သို့​ဖြစ်​၍​ယော​ဟ​နန်၊ တပ်​မှူး​များ​နှင့်​လူ အ​ပေါင်း​တို့​သည် ယု​ဒ​ပြည်​တွင်​နေ​ထိုင်​ရန် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​မ​နာ ခံ​ကြ။-

5 ထို​နောက်​ယော​ဟ​နန်​နှင့်​တပ်​မှူး​အ​ပေါင်း တို့​သည် ယု​ဒ​ပြည်​တွင်​ကျန်​ရှိ​နေ​သ​မျှ သော​လူ​တို့​ကို​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင် သွား​ကြ​၏။ သူ​တို့​သည်​နိုင်​ငံ​တ​ကာ​တွင် ကွဲ​လွင့်​၍​နေ​ရာ​မှ ယု​ဒ​ပြည်​တွင်​နေ​ထိုင် ရန်​ပြန်​လည်​ရောက်​ရှိ​လာ​သူ​များ​ဖြစ်​သည့်၊-

6 အ​မျိုး​သား၊ အ​မျိုး​သ​မီး၊ က​လေး​သူ​ငယ် နှင့်​ဘု​ရင့်​သ​မီး​တော်​အ​စ​ရှိ​သည့်​လူ​အ ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဂေ​ဒ​လိ​လက်​တွင် နေ​ဗု​ဇာ​ရ​ဒန်​အပ်​နှံ​ထား​ခဲ့​သော​ငါ​နှင့် ဗာ​ရုတ်​အ​စ​ရှိ​သည့်​လူ​အ​ပေါင်း​တို့​ကို လည်း​ကောင်း​ခေါ်​ဆောင်​သွား​သ​တည်း။-

7 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​လွန်​ဆန်​ကာ တာ​ပ​နက်​မြို့​တိုင်​အောင် အီ​ဂျစ်​ပြည်​ထဲ​သို့​ဝင်​ရောက်​ကြ​လေ​သည်။