ယေ​ရ​မိ 43:9-13 BCL

9 ``ကျောက်​တုံး​ကြီး​အ​ချို့​ကို​ယူ​၍ ဤ​မြို့​ရှိ အ​စိုး​ရ​အိမ်​တော်​အ​ဝင်​ဝ​နေ​ရာ​တွင်​မြှုပ် ထား​လော့။ ဤ​သို့​သင်​ပြု​သည်​ကို​လည်း​အ​ချို့ သော​ယု​ဒ​အ​မျိုး​သား​တို့​မြင်​ပါ​စေ။-

10 ထို​နောက်​သူ​တို့​အား`ဣသ​ရေ​လ​အမျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ကို​ဤ​အ​ရပ်​သို့​ခေါ်​ဆောင် လာ​မည်။ ငါ​မြှုပ်​ထား​သည့်​ဤ​ကျောက်​တုံး များ​အ​ပေါ်​တွင်​သူ​၏​ရာ​ဇ​ပလ္လင်​ကို​တည် ၍​သူ​၏​တဲ​တော်​ကို​ငါ​ဖြန့်​မည်။-

11 နေ​ဗု​ခဒ်​နေ​ဇာ​သည်​လာ​၍​အီ​ဂျစ်​ပြည်​ကို နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။ သူ​သည်​အ​နာ ရော​ဂါ​ဘေး​ဖြင့်​သေ​ရ​ကြ​မည့်​သူ​တို့​အား အ​နာ​ရော​ဂါ​ဘေး​ဖြင့်​သေ​စေ​လိမ့်​မည်။ သုံ့ ပန်း​များ​အ​ဖြစ်​နှင့်​ခေါ်​ဆောင်​ခြင်း​ခံ​ရ​ကြ မည့်​သူ​တို့​အား​သုံ့​ပန်း​များ​အ​ဖြစ်​ခေါ်​ဆောင် သွား​လိမ့်​မည်။ စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​ကြ​မည့် သူ​တို့​အား​စစ်​ပွဲ​တွင်​ကျ​ဆုံး​စေ​လိမ့်​မည်။-

12 ငါ​သည်​အီ​ဂျစ်​ဘု​ရား​ဝတ်​ကျောင်း​များ​ကို မီး​ရှို့​မည်။ ဗာ​ဗု​လုန်​ဘု​ရင်​အား​ထို​ဝတ်​ကျောင်း များ​မှ​ဘု​ရား​တို့​ကို​မီး​ရှို့​စေ​မည်။ သို့​မ​ဟုတ် လျှင်​လည်း​သိမ်း​ယူ​သွား​စေ​မည်။ သိုး​ထိန်း​သည် မိ​မိ​၏​အ​ဝတ်​မှ​သန်း​များ​ကို​ကုန်​စင်​အောင် ရှာ​သ​ကဲ့​သို့ ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဤ​ပြည် မှ​ပစ္စည်း​ဥစ္စာ​များ​ကို​အ​ကုန်​အ​စင်​ရှာ​၍ ယူ​ပြီး​လျှင်​အောင်​မြင်​စွာ​ထွက်​ခွာ​သွား လိမ့်​မည်။-

13 သူ​သည်​အီ​ဂျစ်​ပြည်​ရှိ​နေ​မင်း​မြို့​တော်​အ ထိမ်း​အ​မှတ်​ကျောက်​တိုင်​များ​ကို​ချိုး​ဖျက် ၍​အီ​ဂျစ်​ဘု​ရား​ဝတ်​ကျောင်း​များ​ကို​မီး​ရှို့ လိမ့်​မည်' ဟု​မိန့်​တော်​မူ​ကြောင်း​ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။