ယေ​ရ​မိ 44:16-22 BCL

16 ``ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု ၍​သင်​ဟော​ပြော​သည့်​စ​ကား​များ​ကို​ငါ​တို့ နား​မ​ထောင်​လို​ပါ။-

17 ငါ​တို့​သည်​မိ​မိ​တို့​ယ​ခင်​က​ပြော​ကြား​ခဲ့ သည့်​အ​မှု​တို့​ကို​သာ​ပြု​ကြ​ပါ​မည်။ ယု​ဒ မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​လမ်း​များ​တွင်​ငါ တို့​နှင့်​ငါ​တို့​ဘိုး​ဘေး​များ၊ ငါ​တို့​ဘု​ရင် နှင့်​ခေါင်း​ဆောင်​များ​ပြု​လေ့​ရှိ​သည့်​အ​တိုင်း ကောင်း​ကင်​ဘု​ရင်​မ​ဟု​အ​မည်​တွင်​သော နတ်​သ​မီး​ကို​ယဇ်​ပူ​ဇော်​၍ သူ​၏​အ​ဖို့ စ​ပျစ်​ရည်​ပူ​ဇော်​သကာ​များ​ကို​သွန်း​လောင်း ပါ​မည်။ ထို​စဉ်​အ​ခါ​က​ငါ​တို့​သည်​ဝ​စွာ စား​ရ​ကြ​၏။ ချမ်း​သာ​ကြွယ်​ဝ​လျက်​ဘေး ဒုက္ခ​နှင့်​ကင်း​ဝေး​ခဲ့​ကြ​၏။-

18 သို့​ရာ​တွင်​ကောင်း​ကင်​ဘု​ရင်​မ​ကို​ယဇ်​ပူ​ဇော် မှု၊ သူ့​အ​ဖို့​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​သွန်း လောင်း​မှု​တို့​ကို​မ​ပြု​ကြ​တော့​သည့်​အ​ချိန် မှ​အ​စ​ပြု​၍ ငါ​တို့​သည်​များ​စွာ​ချို့​တဲ့ လျက်​ငါ​တို့​အ​မျိုး​သား​များ​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သင့်​၍​သေ​ရ ကြ​ပါ​၏'' ဟု​ပြော​ကြား​ကြ​လေ​သည်။

19 ထို​နောက်​အ​မျိုး​သ​မီး​များ​က``ငါ​တို့​သည် ကောင်း​ကင်​ဘု​ရင်​မ​၏​ရုပ်​ပုံ​တူ​မုန့်​များ​ကို ဖုတ်​လုပ်​၍ ထို​နတ်​သ​မီး​အား​ယဇ်​ပူ​ဇော်​ကာ သူ​၏​အ​ဖို့​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​များ ကို​သွန်း​လောင်း​ကြ​သော​အ​ခါ ငါ​တို့​၏​ခင် ပွန်း​များ​က​လည်း​ငါ​တို့​ပြု​သည့်​အ​မှု​ကို လက်​ခံ​အ​တည်​ပြု​ခဲ့​ကြ​ပါ​သည်'' ဟု​ထပ် လောင်း​ပြော​ဆို​ကြ​၏။

20 ထို​အ​ခါ​ငါ​သည်​မိ​မိ​အား​ဤ​သို့​ပြော ကြား​ကြ​သူ အ​မျိုး​သား​အ​မျိုး​သ​မီး များ​နှင့်​လူ​အ​ပေါင်း​တို့​အား၊-

21 ``ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​လမ်း များ​တွင် သင်​တို့​နှင့်​သင်​တို့​ဘိုး​ဘေး​များ၊ သင် တို့​ဘု​ရင်​များ​နှင့်​ခေါင်း​ဆောင်​များ၊ ပြည်​သူ များ​ပူ​ဇော်​ခဲ့​ကြ​သည့်​ယဇ်​များ​နှင့်​ပတ် သက်​၍​ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မ​မူ​ဟူ​၍ သော်​လည်း​ကောင်း၊ မေ့​လျော့​တော်​မူ​လေ​ပြီ ဟူ​၍​သော်​လည်း​ကောင်း​သင်​တို့​ထင်​မှတ် ကြ​ပါ​သ​လော။-

22 ယ​ခု​အ​ခါ​၌​ပင်​လျှင်​သင်​တို့​၏​ပြည်​သည် ယို​ယွင်း​ပျက်​စီး​ကာ​လူ​သူ​ဆိတ်​ညံ​လျက် ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ယုတ် မာ​ဆိုး​ညစ်​သည့်​အ​ကျင့်​များ​ကို​သည်း​ခံ တော်​မ​မူ​နိုင်​သ​ဖြင့် ထို​ပြည်​သည်​လူ​တို့ ရှေ့​၌​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​၍​နေ​လေ​ပြီ။ လူ​တို့​သည်​လည်း​ထို​ပြည်​၏​အ​မည်​နာ​မ ကို​ကျိန်​စာ​အ​ဖြစ်​အ​သုံး​ပြု​ကြ​လေ​ပြီ။-