1 ထာဝရဘုရားသည်နိုင်ငံတကာကို ရည်မှတ်၍ ငါ့အားဗျာဒိတ်ပေးတော်မူ၏။-
2 အီဂျစ်ပြည်အကြောင်းနှင့်ပတ်သက်၍ ကိုယ် တော်မိန့်တော်မူသည်မှာအောက်ပါအတိုင်း ဖြစ်၏။ ထာဝရဘုရားသည်ယောရှိ၏သား ယုဒဘုရင်ယောယကိမ်နန်းစံစတုတ္ထနှစ် ၌ ဥဖရတ်မြစ်အနီးကာခေမိတ်အရပ်တွင် ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှိမ်နင်းလိုက် သည့်အီဂျစ်ဘုရင်ဖာရောနေခေါ်၏တပ်မ တော်ကိုရည်မှတ်၍ဗျာဒိတ်ပေးတော်မူ ၏။
3 ``အီဂျစ်တပ်မှူးတို့က`သင်တို့၏ဒိုင်းလွှား များကို အသင့်ပြင်ဆင်ကာတိုက်ပွဲသို့ဝင်ကြလော့''
4 သင်တို့၏မြင်းများကိုကြိုးတန်ဆာဆင်စီး ကြလော့။စီတန်းပြီးလျှင်သင်တို့၏သံခမောက်များ ကို ဆောင်းကြလော့။ လှံများကိုသွေးကြလော့။သံချပ်အင်္ကျီကိုဝတ်ကြလော့' ဟုအော်ဟစ် ကြ၏။