10 ဤနေ့သည်အနန္တတန်ခိုးရှင်အရှင် ထာဝရဘုရား၏နေ့တော်ဖြစ်၏။ကိုယ်တော်သည်ရန်သူတို့အားယနေ့ပင် လက်စားချေတော်မူမည်။သူတို့အားအပြစ်ဒဏ်ခတ်တော်မူမည်။ကိုယ်တော်၏ဋ္ဌားသည်သူတို့အသားကိုအဝ စား၍ သူတို့၏သွေးကိုအဝသောက်လိမ့်မည်။ယနေ့အနန္တတန်ခိုးရှင်သည်ဥဖရတ်မြစ် အနီး မြောက်ဘက်ဒေသ၌မိမိ၏ယဇ်ကောင်များကိုပူဇော်တော်မူ၏။
11 အီဂျစ်ပြည်သူပြည်သားတို့၊ ဂိလဒ်ပြည်သို့သွား၍ ဆေးဝါးများကိုရှာကြလော့။သင်တို့၏ဆေးများသည်တန်ခိုးအာနိသင် မရှိ။သင်တို့၏အနာရောဂါကိုမပျောက်ကင်းစေနိုင်။
12 လူမျိုးတကာတို့သည်သင်တို့အရှက်ကွဲမှုကို ကြားသိကြလေပြီ။သင်တို့ငိုကြွေးသံကိုလူတိုင်းကြားရကြ၏။စစ်သူရဲသည်တစ်ဦးနှင့်တစ်ဦးတိုက်မိသဖြင့် နှစ်ဦးစလုံးမြေပေါ်သို့လဲကျကြလေပြီ။
13 အီဂျစ်ပြည်ကိုတိုက်ခိုက်ရန်ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလာရောက်သောအခါ ထာဝရ ဘုရားသည်ငါ့အားဗျာဒိတ်ပေးတော်မူ၏။ ကိုယ်တော်က၊
14 ``အီဂျစ်မြို့များဖြစ်သောမိဂဒေါလ၊နောဖနှင့် တာပနက်မြို့တို့အား၊သင်တို့သည်မိမိတို့အတွက်ခုခံကာကွယ် အသင့်ပြင်ဆင်ကြလော့။သင်တို့တွင်ရှိသမျှသောအရာတို့သည် စစ်ပွဲတွင် ဆုံးရှုံးပျက်စီးလိမ့်မည်။''
15 သင်တို့၏တန်ခိုးကြီးသောဘုရားအာပိ သည် အဘယ်ကြောင့်ပြိုလဲရသနည်း။သူ့အားထာဝရဘုရားတွန်းချတော်မူလေပြီ။
16 သင်တို့၏စစ်သူရဲများသည်ခြေချော်၍လဲ ကြကုန်၏။သူတို့တစ်ယောက်ကိုတစ်ယောက်`မြန်မြန်လာကြ။ငါတို့သည်မိမိတို့နေရင်းပြည်သို့ပြန်ကြ ကုန်အံ့။ရန်သူ၏ဋ္ဌားဘေးမှလွတ်မြောက်ရန်ပြေးကြ ကုန်အံ့' ဟုဆိုကြ၏။