ယေ​ရ​မိ 46:19-25 BCL

19 အ​ချင်း​အီ​ဂျစ်​ပြည်​သား​တို့၊သုံ့​ပန်း​အ​ဖြစ်​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရန် အ​သင့် ပြင်​ဆင်​ထား​ကြ​လော့။နော​ဖ​မြို့​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ သဲ​ကန္တာ​ရ​ဖြစ်​လိမ့်​မည်။

20 အီ​ဂျစ်​ပြည်​သည်​မြောက်​အ​ရပ်​မှ မှက်​ကိုက်​ခံ​ရ​သည့် လှ​ပ​ဆူ​ဖြိုး​သည်​နွား​မ​နှင့်​တူ​၏။

21 အ​ငှား​စစ်​သည်​များ​ပင်​လျှင်​နွား​သ​ငယ်​များ သ​ဖွယ် ခို​ကိုး​ရာ​မဲ့​ဖြစ်​ကြ​၏။သူ​တို့​သည်​ခု​ခံ​တိုက်​ခိုက်​မှု​ကို​မ​ပြု​ဘဲ အား​လုံး​လှည့်​၍​ပြေး​ကြ​လေ​သည်။အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​ဆုံး​ပါး​ပျက်​စီး ရ​မည့်​နေ့၊ကံ​ကြမ္မာ​ဆိုး​ကြုံ​တွေ့​ရ​မည့်​နေ့​ရက်​ကာ​လ​သည် ကျ​ရောက်​လာ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။

22 ရန်​သူ​တပ်​မ​တော်​နီး​ကပ်​လာ​သည်​နှင့်​အီ​ဂျစ် ပြည်​သည် မြည်​သံ​ပြု​သော​မြွေ​ကဲ့​သို့​ထွက်​ပြေး​လေ​၏။လူ​တို့​သစ်​ပင်​များ​ကို​ခုတ်​သ​ကဲ့​သို့​ရန်​သူ တို့​သည် သူ့​အား​ရဲ​တင်း​များ​နှင့်​တိုက်​ခိုက်​ကြ​၏။

23 သူ​တို့​သည်​သစ်​တော​ကို​ခုတ်​လှဲ​သ​ကဲ့​သို့တိုက်​ခိုက်​ကြ​၏။သူ​တို့​၏​လူ​များ​သည်​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​၍သူ​တို့​၏​စစ်​သူ​ရဲ​များ​သည်၊အ​ရေ​အ​တွက် အား​ဖြင့် ကျိုင်း​ကောင်​များ​ထက်​ပင်​များ​ပြား​ကြ​၏။

24 အီ​ဂျစ်​ပြည်​သူ​တို့​သည်​အ​ရှက်​ကွဲ​ရ​ကြ လေ​ပြီ။သူ​တို့​အား​မြောက်​အ​ရပ်​မှ​လူ​တို့​က နှိမ်​နင်း​လိုက်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

25 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည် သိ​ဘိ​မြို့​၌​ရှိ​သော​အမ္မုန်​ဘု​ရား​ကို​အီ​ဂျစ် ပြည်၊ အီ​ဂျစ်​ဘု​ရား​များ၊ ဘု​ရင်​များ​နှင့် အ​တူ​ဆုံး​မ​မည်။ အီ​ဂျစ်​ပြည်​ဘု​ရင်​နှင့် သူ့​ကို​အား​ထား​ယုံ​ကြည်​သူ​မှန်​သ​မျှ​ကို ငါ​ဆုံး​မ​မည်။-