24 အီဂျစ်ပြည်သူတို့သည်အရှက်ကွဲရကြ လေပြီ။သူတို့အားမြောက်အရပ်မှလူတို့က နှိမ်နင်းလိုက်ကြ၏'' ဟုမိန့်တော်မူ၏။
25 ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် သိဘိမြို့၌ရှိသောအမ္မုန်ဘုရားကိုအီဂျစ် ပြည်၊ အီဂျစ်ဘုရားများ၊ ဘုရင်များနှင့် အတူဆုံးမမည်။ အီဂျစ်ပြည်ဘုရင်နှင့် သူ့ကိုအားထားယုံကြည်သူမှန်သမျှကို ငါဆုံးမမည်။-
26 သူတို့ကိုသတ်ဖြတ်လိုသူဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနှင့်တပ်မတော်လက်သို့ငါ ပေးအပ်မည်။ သို့ရာတွင်နောင်အခါ၌လူတို့ သည်ရှေးကာလများကနည်းတူ အီဂျစ်ပြည် တွင်ပြန်လည်နေထိုင်ကြလိမ့်မည်။ ဤကား ငါထာဝရဘုရားမြွက်ထားသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
27 ``ငါ၏လူမျိုးတော်တို့၊မကြောက်ကြနှင့်။ ဣသရေလ ပြည်သားတို့၊ထိတ်လန့်တုန်လှုပ်မှုမဖြစ် ကြနှင့်။သုံ့ပန်းများအဖြစ်နှင့်သင်တို့သေရကြ သောပြည်၊ထိုဝေးလံသောပြည်မှသင်တို့အားငါကယ် ဆယ်မည်။သင်တို့သည်ပြန်လာ၍ငြိမ်းချမ်းစွာနေထိုင် ရကြလိမ့်မည်။ ဘေးမဲ့လုံခြုံမှုရှိလိမ့်မည်။အဘယ်သူမျှသင်တို့အားကြောက်လန့် စေလိမ့်မည်မဟုတ်။
28 ငါသည်သင်တို့ထံသို့ကြွလာ၍ သင်တို့အားကယ်တင်မည်။သင်တို့အားငါကွဲလွင့်စေခဲ့ရာ နိုင်ငံတကာတို့ကိုငါဖျက်ဆီးမည်။သို့ရာတွင်သင်တို့ကိုမူဖျက်ဆီးမည် မဟုတ်။ငါသည်သင်တို့အားအပြစ်ဒဏ်မခတ်ဘဲ ထားမည်မဟုတ်သော်လည်း၊အပြစ်ဒဏ်ခတ်သောအခါ၌မူကားမျှတစွာ ဒဏ်ခတ်မည်။ဤကားငါထာဝရဘုရားပြောကြားသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။