8 ရေလျှံသောမြစ်ကဲ့သို့လည်းကောင်း၊ နိုင်းမြစ်ရေကဲ့သို့လည်းကောင်းချီတက်လာသူမှာအီဂျစ်နိုင်ငံဖြစ်ပေ သည်။အီဂျစ်နိုင်ငံက`ငါသည်ချီတက်၍ကမ္ဘာကို လွှမ်းမိုးမည်။မြို့များနှင့်မြို့သူမြို့သားတို့အားဖျက်ဆီးမည်။
9 မြင်းများတို့တက်ကြလော့။ ရထားများတို့၊အပြင်းနှင်ကြလော့။ဒိုင်းလွှားကိုင်ဆောင်သူဆူဒန်ပြည်သားနှင့်လစ်ဗျားပြည်သားတို့လုဒပြည်သားလေး သည်တော် အစရှိသည့်စစ်သည်တော်တို့ထွက်သွားကြလော့' ဟုဆို၏'' ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏။
10 ဤနေ့သည်အနန္တတန်ခိုးရှင်အရှင် ထာဝရဘုရား၏နေ့တော်ဖြစ်၏။ကိုယ်တော်သည်ရန်သူတို့အားယနေ့ပင် လက်စားချေတော်မူမည်။သူတို့အားအပြစ်ဒဏ်ခတ်တော်မူမည်။ကိုယ်တော်၏ဋ္ဌားသည်သူတို့အသားကိုအဝ စား၍ သူတို့၏သွေးကိုအဝသောက်လိမ့်မည်။ယနေ့အနန္တတန်ခိုးရှင်သည်ဥဖရတ်မြစ် အနီး မြောက်ဘက်ဒေသ၌မိမိ၏ယဇ်ကောင်များကိုပူဇော်တော်မူ၏။
11 အီဂျစ်ပြည်သူပြည်သားတို့၊ ဂိလဒ်ပြည်သို့သွား၍ ဆေးဝါးများကိုရှာကြလော့။သင်တို့၏ဆေးများသည်တန်ခိုးအာနိသင် မရှိ။သင်တို့၏အနာရောဂါကိုမပျောက်ကင်းစေနိုင်။
12 လူမျိုးတကာတို့သည်သင်တို့အရှက်ကွဲမှုကို ကြားသိကြလေပြီ။သင်တို့ငိုကြွေးသံကိုလူတိုင်းကြားရကြ၏။စစ်သူရဲသည်တစ်ဦးနှင့်တစ်ဦးတိုက်မိသဖြင့် နှစ်ဦးစလုံးမြေပေါ်သို့လဲကျကြလေပြီ။
13 အီဂျစ်ပြည်ကိုတိုက်ခိုက်ရန်ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလာရောက်သောအခါ ထာဝရ ဘုရားသည်ငါ့အားဗျာဒိတ်ပေးတော်မူ၏။ ကိုယ်တော်က၊
14 ``အီဂျစ်မြို့များဖြစ်သောမိဂဒေါလ၊နောဖနှင့် တာပနက်မြို့တို့အား၊သင်တို့သည်မိမိတို့အတွက်ခုခံကာကွယ် အသင့်ပြင်ဆင်ကြလော့။သင်တို့တွင်ရှိသမျှသောအရာတို့သည် စစ်ပွဲတွင် ဆုံးရှုံးပျက်စီးလိမ့်မည်။''