ယေ​ရ​မိ 48:3-9 BCL

3 ဟော​ရ​နိမ်​မြို့​သူ​မြို့​သား​တို့​က`အ​ကြမ်း​ဖက်​မှု၊ သုတ်​သင်​ဖျက်​ဆီး​မှု' ဟု​ဟစ်​အော်​ကြ​၏။

4 ``မော​ဘ​ပြည်​သည်​ပြို​ပျက်​၍​သွား​လေ​ပြီ။က​လေး​သူ​ငယ်​တို့​အော်​ဟစ်​သံ​ကို နား​ထောင်​ကြ​လော့။

5 လု​ဟိတ်​တောင်​ပေါ်​သို့​တက်​ရာ​လမ်း​တွင်​သူ​တို့ ရှိုက်​ကြီး​ငင်​ကြီး​ငို​ကြွေး​သံ​ကို​လည်း​ကောင်း၊ဟော​ရ​နိမ်​မြို့​သို့​ဆင်း​ရာ​လမ်း​တွင်၊စိတ်​ဒုက္ခ ရောက်​၍အော်​ဟစ်​သံ​များ​ကို​လည်း​ကောင်း​ကြား​ကြ​လော့။

6 သူ​တို့​က`သင်​တို့​အ​သက်​ချမ်း​သာ​ရ​အောင် လျင်​မြန်​စွာ​ပြေး​ကြ​လော့။သဲ​ကန္တာ​ရ​မှ​မြည်း​ရိုင်း​ကဲ့​သို့​ပြေး​ကြ​လော့' ဟု​ဆို​ကြ​၏။

7 ``အို မော​ဘ​ပြည်၊သင်​သည်​မိ​မိ​၏​အင်​အား​နှင့် စည်း​စိမ်​ချမ်း​သာ​ကို​အား​ကိုး​၏။သို့​ရာ​တွင်​ယ​ခု​သင်​သည်​နှိမ်​နင်း​ခြင်း​ကို​ခံ ရ​လိမ့်​မည်။သင်​၏​ဘု​ရား​ခေ​မု​ရှ​သည်​လည်း​သူ​၏​မင်း သား​များ၊ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​အ​တူ​ပြည်​နှင်​ဒဏ် သင့်​ရ​ပေ​တော့​အံ့။

8 အ​ဘယ်​မြို့​မျှ​ဆုံး​ပါး​ပျက်​စီး​မှု​နှင့် ကင်း​လွတ်​လိမ့်​မည်​မ​ဟုတ်။ချိုင့်​ဝှမ်း​ရော၊လွင်​ပြင်​ပါ​ပျက်​စီး​လိမ့်​မည်။ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။

9 မော​ဘ​ပြည်​အ​တွက်​သင်္ချိုင်း​ကမ္ပည်း​ကျောက်​တိုင် စိုက်​ထူ​ကြ​လော့။ထို​ပြည်​သည်​မ​ကြာ​မီ​ပျက်​စီး​ရ​လိမ့်​မည်။ထို​ပြည်​ရှိ​မြို့​များ​သည်​ပျက်​စီး​၍​လူ​သူ ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။''