1 ထာဝရဘုရားသည်အမ္မုန်ပြည်သားတို့ ကိုရည်မှတ်၍မိန့်တော်မူသည်မှာ``ဣသရေလ အမျိုးသားများကားအဘယ်မှာနည်း။ သူ တို့၏ပြည်အတွက်ခုခံကာကွယ်မည့်သူ တစ်စုံတစ်ယောက်မျှမရှိသလော။ သူတို့ သည်အဘယ်ကြောင့်မိလကုံဘုရားကို ဝတ်ပြုကိုးကွယ်သူတို့အား ဂဒ်အနွယ်၏ နယ်မြေကိုသိမ်းယူစေကာထိုအရပ်တွင် နေထိုင်ခွင့်ပြုကြသနည်း။-
2 ငါသည်ရဗ္ဗာမြို့သူမြို့သားတို့အားစစ်တိုက် သံများကို ကြားစေမည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ ထိုမြို့သည်ပျက်စီးလျက် ယင်း၏ကျေးလက်တောရွာများသည်လည်း မီးလောင်ကျွမ်းလိမ့်မည်။ ထိုအခါဣသရေလ အမျိုးသားတို့သည်မိမိတို့ပြည်ကိုသိမ်းယူ ထားသူတို့၏လက်မှပြန်လည်ရရှိကြ လိမ့်မည်။-
3 ဟေရှဘုန်မြို့သားတို့ငိုကြွေးကြလော့။ သင်တို့၏အာဣမြို့သည်ပျက်စီးသွားလေ ပြီ။ ရဗ္ဗာမြို့သူတို့၊ ဝမ်းနည်းကြွေကွဲမှုကိုပြ ကြလော့။ လျှော်တေကိုဝတ်၍ဝမ်းနည်းကြေ ကွဲမှုကိုပြကြလော့။ ကယောင်ချောက်ချား ပြေးလွှားကြလော့။ သင်တို့၏မိလကုံဘုရား သည်သူ၏ယဇ်ပုရောဟိတ်များ၊ မင်းသား များနှင့်အတူပြည်နှင်ဒဏ်ခံရလိမ့်မည်။-
4 သစ္စာမရှိသောလူမျိုးတို့၊ သင်တို့သည်အဘယ် ကြောင့်ကြွားဝါသနည်း။ သင်တို့၏အင်အား သည်ချည့်နဲ့နေပြီ။ သင်တို့သည်အဘယ်ကြောင့် မိမိတို့တန်ခိုးစွမ်းရည်ကိုယုံစား၍`ငါတို့ အားအဘယ်သူမျှတိုက်ခိုက်ရဲလိမ့်မည် မဟုတ်' ဟုဆိုကြသနည်း။-
5 ငါသည်ပတ်ဝန်းကျင်ရှိလူတို့အားသင်တို့ ကိုတိုက်ခိုက်စေမည်ဖြစ်၍သင်တို့သည်ထွက် ပြေးရကြလိမ့်မည်။ လူတိုင်းပင်မိမိတို့ အသက်ဘေးအတွက်ထွက်ပြေးကြမည် ဖြစ်သဖြင့်သင်တို့၏တပ်သားများကို ပြန်လည်စုရုံးပေးမည့်သူတစ်စုံတစ် ယောက်မျှရှိလိမ့်မည်မဟုတ်။